SJ WorldNews - шаблон joomla Авто

ရာသီရပ်ဆိုင်းရလျှင် တန်းဆင်းအသင်းရွေးချယ်မှုအတွက် အသင်းများငြင်းခုံရဖွယ်ရှိ အိမ်ကွင်းအဝေးကွင်းပွဲ ကျန်များကို ချိန်ခွင်ချပြီးသတ်မှတ်လျှင် ဝက်စ်ဟမ်း တန်းဆင်းရနိုင်

Monday, 18 May 2020 09:07 font size decrease font size decrease font size increase font size increase font size

ရာသီရပ်ဆိုင်းရလျှင် တန်းဆင်းအသင်းရွေးချယ်မှုအတွက် အသင်းများငြင်းခုံရဖွယ်ရှိ အိမ်ကွင်းအဝေးကွင်းပွဲ ကျန်များကို ချိန်ခွင်ချပြီးသတ်မှတ်လျှင် ဝက်စ်ဟမ်း တန်းဆင်းရနိုင်

မေ ၁၈ ရက်တွင် ပရီးမီးယားလိဂ်အသင်း ၂၀ မှတာဝန်ရှိသူများ ဆွေးနွေးမည်ဖြစ်ရာ ထိုတွေ့ဆုံပွဲ တွင် ရာသီဆက်လက်ကစားနိုင်ခြင်းမရှိလျှင် မည်သည့်အသင်းများအား တန်းဆင်းစေမည်ဆိုသည် ကို  မဲပေးအကြံပြုရမည်ဖြစ်သည်။  ထို့ကြောင့် စည်းမျဉ်းသတ်မှတ်ရေးအတွက် အသင်းများကြား အငြင်းအခုံဖြစ်မှု များလည်း  သေချာပေါက်ရှိလာ မည်ဖြစ်သည်။ ပရီးမီးယားလိဂ်ရာသီ လက်ကျန်ပွဲများ ပြန်လည် စတင်နိုင်ရေး အတွက် Project Restart  စနစ်ကို အဆိုပြုထားပြီး အသင်းများ ကြား    သဘောတူညီမှု မရနိုင်သေးသော်လည်း အစောဆုံး ဇွန် ၁၉ ရက်တွင် ပြန်လည်စတင်နိုင်ရန် မျှော်လင့်ထားကြသည်။ သို့သော် ရာသီဆက်လက် ကစားနိုင်ခြင်းမရှိတော့ဘဲ ရပ်နားလိုက်ရပါက လက်ရှိရောက်ရှိနေသော အမှတ်ပေးဇယားကိုအခြေပြု၍ မည်သည့်စနစ်သုံးပြီး တန်းဆင်းသုံးသင်းရွေးချယ်မည်ကို မေ ၁၈ ရက်တွင် အသင်းများ  တိုင်ပင်မဲ ပေးကြရမည်ဖြစ်သည်။  သို့သော် ထိုနေ့တွင် အတည်မပြုနိုင်သေးဘဲ မေ ၂၂ ရက်နှင့် ၂၆  ရက်တို့တွင် ပြုလုပ်ရန် စီစဉ်ထားသောအစည်းအဝေးကျမှသာ အတည်ပြုဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်ဘောလုံးလိဂ်သည်  ရာသီဖျက်သိမ်းရပါက   တစ်ပွဲပျမ်းမျှရမှတ်ဖြင့်   အဆင့်များသတ်မှတ်ရန် ထောက်ခံချက်ပေးထားပြီး အင်္ဂလန် လိဂ်(၂) အသင်းများသည်  ရာသီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ရာတွင် တစ်ပွဲပျမ်းမျှရမှတ်စနစ်သုံးပြီး အဆင့်သတ်မှတ်ခဲ့သည်။  သို့သော်  ပရီးမီးယား လိဂ်တွင် ထိုစနစ်အသုံးပြုပါက ကစားထားသော ပွဲအရေအတွက် မတူညီခြင်းကြောင့် အငြင်းပွား စရာများရှိနေသည့်အတွက်    စနစ်အမျိုးမျိုးကို ဆွေးနွေးတိုင်ပင်ရန်  မေ ၁၈ ရက်တွင် အစည်း အဝေးခေါ်ထားခြင်းဖြစ်သည်။ ရာသီသိမ်းရလျှင်  အသင်းများ၏ ပွဲကျန်အနေအထား၊ ထိုပွဲကျန် များတွင်  အိမ်ကွင်းနှင့်အဝေးကွင်းပွဲကျန်အရေ အတွက်၊  သက်ဆိုင်ရာ အသင်းများ၏ အိမ်ကွင်း စွမ်းဆောင်ရည်ရမှတ်နှင့် အဝေးကွင်းစွမ်းဆောင် ရည်ရမှတ်များကို  အချိုးချတွက်ချက်မည့်စည်း မျဉ်းများလည်း ရေးဆွဲအတည်ပြုနိုင်ဖွယ်ရှိသည်။

ထိုသို့အတည်ပြုမည်ဆိုပါက လက်ရှိအမှတ်ပေးဇယားအောက်ဆုံးမှ သုံးသင်းဖြစ်သော ဘုန်း မောက်၊ ဗီလာနှင့် နောဝှစ်ချ်အသင်းတို့ထဲမှ ဘုန်းမောက်အသင်းသည် တန်းဆင်းဇုန်မှလွတ်မြောက် သွားပြီး ၎င်းနှင့်ရမှတ်တူ ထားသော အဆင့် (၁၆)နေရာမှ ဝက်စ်ဟမ်းအသင်းသည် ဗီလာ၊ နောဝှစ်ချ်တို့နှင့်တန်းဆင်းရမည်ဖြစ်သည်။

Read 45 times