SJ WorldNews - шаблон joomla Авто

ဘွန်ဒက်စ်လီဂါပွဲစဉ်များတွင် လူစားလဲကစားသမားငါးဦးအထိ အသုံးပြုခွင့်ပေး

Monday, 18 May 2020 09:14 font size decrease font size decrease font size increase font size increase font size

ဘွန်ဒက်စ်လီဂါပွဲစဉ်များတွင် လူစားလဲကစားသမားငါးဦးအထိ အသုံးပြုခွင့်ပေး

ဂျာမန်ဘွန်ဒက်စ်လီဂါ (၁) နှင့် (၂) ပွဲစဉ်များကို မေ ၁၆ ရက်က ပြန်လည်စတင်ရာ လူစားလဲကစား သမားစည်းမျဉ်းကို ပြောင်းလဲသတ်မှတ်လိုက်၍ ယခင်က သုံးဦးသာလူစားလဲခွင့်ပြုထားပြီး ယခု ငါးဦးအထိ ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဂျာမနီ၌ ပုံမှန်အားဖြင့် ဘောလုံးရာသီကို ဇွန် ၃၀ ရက် အပြီးကစားရန် သတ်မှတ်ထားသော်လည်း  ကျန်းမာရေးအခြေအနေကြောင့်  ပွဲများ ရွှေ့ဆိုင်းခြင်း၊ ကွင်းပြောင်းကစားရခြင်းများဖြစ် လာနိုင်သည့်အတွက် ဇူလိုင်လအထိ ပွဲများကျင်းပရန် ခွင့်ပြုထားသည်။

တန်းတက်၊ တန်းဆင်းစနစ်သုံးဖို့ အတည်ပြုတယ်။ ဥပဒေကြောင်းအရ ရင်ဆိုင်ရနိုင်တာတွေ အတွက်လည်း ပြင်ဆင်ပြီးပြီ။ ဒါပေမဲ့ ရာသီပြီးဆုံးအောင် မကစားနိုင်ရင် ဘယ်လိုစည်းမျဉ်းတွေ သတ်မှတ်မလဲဆိုတာကိုတော့ မဆုံးဖြတ်နိုင်သေးဘူးဟု ဂျာမန်ဘောလုံးအဖွဲ့ချုပ်မှ ကြေညာသည်။

အဆိုပါကြေညာချက်တွင် ဒေသအတွင်း COVID-19  ရောဂါပျံ့နှံ့ခဲ့ပါက ကွင်းများ ယာယီပြောင်းရွှေ့ကစားရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည်။ ကျန်းမာရေးအခြေအနေအရ ကွင်းတွေကို ပြောင်းရွှေ့ကစားရတာမျိုးလည်း ဖြစ်လာနိုင်တယ်။  အဲဒီအတွက်လည်း ဥပဒေအရရော လုံခြုံရေးအနေအထားအရပါ စည်းမျဉ်းစည်းကမ်းတွေ  ထုတ်ထားတယ်ဟု အဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သည်။                              

Read 55 times