SJ WorldNews - шаблон joomla Авто

Chinese 8 Ball  ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် ခြောက်ပွဲဆက်အနိုင်ရကာ ဒုတိယအဆင့်တက်ရောက်

Monday, 18 May 2020 09:50 font size decrease font size decrease font size increase font size increase font size

 

တရုတ်နိုင်ငံ  ချောင်ရန်မြို့၌  ကျင်းပလျက်ရှိသည့် Chinese 8 Ball  ပြိုင်ပွဲ ခြောက်ပွဲမြောက်တွင် မြန်မာနိုင်ငံမှ ဘုန်းမြင့်ကျော်သည် တရုတ်နိုင်ငံသား ဝူကျန်ယုကို အနိုင်ရပြီး ခြောက်ပွဲဆက်နိုင်ပွဲဆက်ကာ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ပထမပိုင်းတွင်  ဘုန်းမြင့်ကျော်သည် ဝူကျန်ယုကို ၁၂ ပွဲ-၈ ပွဲဖြင့် ဦးဆောင် နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဝူကျန်ယုက ပုံစံကောင်းပြကာ ၁၇ ပွဲ-၁၈ ပွဲဖြင့် ပြန်လည် ဦးဆောင်နိုင်ခဲ့သည်။ သို့သော် ဘုန်းမြင့်ကျော်က နောက်ပိုင်းတွင် လက်စွမ်းပြကာ ပွဲငယ် လေးပွဲဆက်အနိုင်ရပြီး ၂၁ ပွဲ-၁၉ ပွဲဖြင့် ဝူကျန်ယုကို အနိုင်ရခဲ့သည်။

ယင်းပွဲအနိုင်ရလဒ်ကြောင့်  ဘုန်းမြင့်ကျော်သည် ခြောက်ပွဲဆက်  နိုင်ပွဲဆက်ခဲ့သည့်အပြင် ပရိသတ်ကပေးသည့် ဆန္ဒမဲ အပါအဝင် ရမှတ်ပေါင်း ၃၇၀၀၀ ဖြင့် လက်ကျန်ပွဲစဉ်များမတိုင်မီ ဒုတိယအဆင့်သို့ တက်ရောက် နိုင်ခဲ့ ပြီဖြစ်သည်။

ဝူကျန်ယုနဲ့ပွဲစဉ်က တော်တော်မလွယ်ပါဘူး။ အသည်းအသန်ကစားခဲ့ရပါတယ်။ အခုတော့ အနိုင်ရသွားတဲ့ အတွက် နောက်တစ်ဆင့်တက်ဖို့ သေချာသွားပါပြီ  ဟု ဘုန်းမြင့်ကျော်က ပွဲအပြီးတွင် လူမှုကွန်ရက်၌ ရေးသားခဲ့ သည်။

ဘုန်းမြင့်ကျော်သည် Chinese 8 Ball ပြိုင်ပွဲ ပထမအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် မေ ၃၁ ရက်တွင်  ကမ္ဘာ့မာစတာချန်ပီယံ ချူဘင်ဂျီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ကစားသမားရှစ်ဦးသာယှဉ်ပြိုင်ရသည့်  Chinese 8 Ball ပြိုင်ပွဲကို ဧပြီ ၁၈ ရက်မှ သြဂုတ် ၂၈ ရက်အထိ လေးလကြာ ကျင်းပမည်ဖြစ်သည်။

ပထမအဆင့်ပွဲစဉ်များကို မေ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ရှစ်ဦးပတ်လည် ယှဉ်ပြိုင်ကစားရကာ အဆင့်(၁)မှ (၃) ရရှိသည့် ကစားသမား သုံးဦး၊ အဆင့် (၄) နှင့် (၅) ကစားသမားတို့ Play-Off  ကစားပြီး အနိုင်ရသည့် တစ်ဦး စုစုပေါင်း လေးဦးက နောက်တစ်ဆင့်သို့ တက်ရောက်မည်ဖြစ်သည်။

Read 54 times