SJ WorldNews - шаблон joomla Авто

ပရိသတ်မပါဘဲကစားရခြင်းမှာ ကြောင်တောင်တောင်နိုင်လှသည်ဟု ဒေါ့မွန်နည်းပြဆို ဒေါ့မွန်ကစားသမားများ ပွဲအပြီး ပွဲကြည့်စင်ဘက်လှည့်၍ ပရိသတ်ကို ထုံးစံအတိုင်းနှုတ်ဆက်

Tuesday, 19 May 2020 10:15 font size decrease font size decrease font size increase font size increase font size

 

COVID-19   ရောဂါအခြေအနေကြောင့် ရပ်နားထားရသော   ဥရောပထိပ်တန်းလိဂ်များအနက်  ဂျာမန်ဘွန်ဒက်စ် လီဂါသည်  အစောဆုံးပြန်ကစားသည့်လိဂ်အဖြစ်  မေ ၁၆ ရက်ညက  ပြန်လည်ကစားရာ ဒေါ့မွန်အသင်းသည် အိမ်ကွင်း၌ အိမ်နီးချင်းပြိုင်ဘက်  ရှော်လ်ကေးကို  လေးဂိုးပြတ်အနိုင်ရခဲ့ပြီး   အမှတ်ပေးဇယားထိပ်ဆုံးမှ ဘိုင်ယန်နှင့် အမှတ်ကွာဟချက် ကျဉ်းမြောင်းသွားသည့်အတွက်  ဒေါ့မွန်နည်းပြ လူစီယန်ဖက်ဘရီက  ရလဒ်ကို ကျေနပ်ကြောင်းပြောခဲ့သော်လည်း  ပရိသတ်မပါဘဲကစားရသည်မှာ ကြောင်တောင်တောင်နိုင်လှကြောင်းနှင့် ပရိသတ်ကို လွမ်းဆွတ်ကြောင်း ဖွင့်ပြောသည်။

ဂျာမနီအစိုးရက ဘောလုံးပွဲများ ပြန်ကစားခွင့် ပြုသော်လည်း ကွင်းအတွင်း ပရိသတ်မပါရသကဲ့သို့ အများဆုံး  လူ ၃၀၀ ထက်ပိုမဝင်ရဟု သတ်မှတ် ထားကာ ဒေါ့မွန်အသင်းမှ ကစားသမားများသည် ဂိုးသွင်းအပြီးတွင်လည်း  သတ်မှတ်အကွာအဝေး အတိုင်းသာ နေထိုင်ရပြီး ပွေ့ဖက်ထိတွေ့ခြင်းမပြု ဘဲ အောင်ပွဲခံခဲ့ကြရသည်။ ထိုအခြေအနေနှင့်ပတ်သက်ပြီး ဒေါ့မွန်ကစားသမား ဖက်ဘရီက တစ်ဂိုး  သွင်းနိုင်တယ်။   အကောင်းဆုံးပေး ပို့မှုတစ်ရပ်ပြုလုပ်လိုက်နိုင်တယ်။ ဒါလည်း ဘာတုံ့ပြန်မှုမှမရှိတဲ့ကွင်းထဲမှာ   ဘာမှမဖြစ်သလိုဖြစ်နေတယ်။

အရမ်းထူးခြားတဲ့အဖြစ်ပဲ။ ကျွန်တော်တို့ ပရိသတ်တွေကို လွမ်းလှပါပြီ။  အရင်  ပရိသတ်တွေနဲ့ကစားရတဲ့ပွဲတွေနဲ့     အရမ်းခြားနားသွားတယ်။    လေးဂိုးပြတ်အနိုင်ဆိုတဲ့ရလဒ်ကတော့ ကျေနပ်ရာဖြစ်ပေမယ့် ကြောင်တောင်တောင် နိုင်လှတဲ့ ဘောလုံးပွဲမျိုးဖြစ်နေတယ် ဟု ပြောသည်။

ရှော်လ်ကေးနည်းပြ  ဒေးဗစ်ဝက်ဂ်နာကလည်း  ဖက်ဘရီ၏အဆိုကို  ထောက်ခံကာ  တကယ် ကြောင်တောင် တောင်နိုင်တယ်။  မယုံနိုင်ဖွယ်ရာ  ဝန်းကျင်တစ်ခုမှာ   ဖန်တီးထားတဲ့   အဝါရောင် ပရိသတ်တံတိုင်းကြီးမျိုး နဲ့ကစားရတယ်။ ကျွန်တော် တို့အသင်းလည်း ကောင်းကောင်းမကစားနိုင်ခဲ့ဘူးဟု ပြောသည်။

ပွဲအပြီးတွင်  ဒေါ့မွန်ကစားသမားများသည် သတ်မှတ်အကွာအဝေး၌တန်းစီပြီး ကွင်းလေးဖက်လေးတန်သို့ ပြေး သွားကာ  ယခင်က ပရိသတ်ကို နှုတ်ဆက်သည့်အတိုင်း  နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။                          

Read 45 times