SJ WorldNews - шаблон joomla Авто

(WLC)  ခရူဆာဝိတ်တန်းချန်ပီယံဒေ့ဗ် မွေထိုင်းချန်ပီယံ ဘွတ်ခေါင်ကို စိန်ခေါ်

Thursday, 21 May 2020 10:24 font size decrease font size decrease font size increase font size increase font size

 

ကမ္ဘာ့ချန်ပီယံရှစ်  မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲ (WLC)  ခရူဆာဝိတ်တန်းချန်ပီယံ ဒေ့ဗ်က   မွေထိုင်းချန်ပီယံ ဘွတ်ခေါင်ကို   စိန်ခေါ်လိုက်ကြောင်း    ထိုင်းနိုင်ငံအခြေ စိုက် Sanook  သတင်းဌာန၏ဖော်ပြချက်အရ သိရ သည်။

မေလဒုတိယပတ်က ဒေ့ဗ်နှင့်ပြုလုပ်ခဲ့ သည့်  အင်တာဗျူးတစ်ခုတွင်  စိန်ခေါ်မှု ပြုလုပ်ခဲ့ပြီး  ယင်းစိန်ခေါ်ပွဲသည်  ၂၀၂၁ ခုနှစ်အတွင်း ဖြစ်လာနိုင်ကြောင်း Sanook က ရေးသားဖော်ပြထားသည်။

ဘွတ်ခေါင်သည်  လက်ရှိတွင်   ၇၁  ဒသမ ၅ မစ်ဒယ်ဝိတ်တန်းယှဉ်ပြိုင်နေသည့် ကစားသမားဖြစ်ပြီး ဒေ့ဗ်သည် ကီလို ၈၀ တန်း ခရူဆာဝိတ်တန်းကစားသမားဖြစ် သည့်အတွက် ယင်းပွဲစဉ်ယှဉ်ပြိုင်လိုပါက ဒေ့ဗ်အနေဖြင့်  ဝိတ် လျှော့ရမည်ဖြစ်ကာ မွေထိုင်းစည်းမျဉ်းအတိုင်း ယှဉ်ပြိုင်ရဖွယ် ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံသားဘွတ်ခေါင်သည်   K-1 World Max  ချန်ပီယံ၊ WMC ဂျူနီယာ မစ်ဒယ်ဝိတ်၊ စူပါဝယ်လ် တာဝိတ် ချန်ပီယံ ဆုများအပြင် WBC မွေထိုင်းကမ္ဘာ့ချန်ပီယံဆုများ  ရရှိထားသူဖြစ်သည်။  ၎င်းသည် ကစား သမားဘ၀ ပွဲပေါင်း ၂၇၅ ပွဲယှဉ်ပြိုင် ထားပြီး ၂၃၉ ပွဲနိုင်၊ ၁၂ ပွဲသရေ၊ ၂၄ ပွဲ ရှုံးနိမ့်ထားသည်။

ကနေဒါနိုင်ငံသားဒေ့ဗ်သည်  WLC  ခရူဆာဝိတ်တန်းချန်ပီယံတစ်ဦးဖြစ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့ပွဲပေါင်း ၁၁ ပွဲ ယှဉ်ပြိုင်ရာ  ငါးပွဲနိုင်၊  ခြောက်ပွဲသရေကျထား ကြောင်း သိရသည်။

Read 38 times