Print this page

ပရီးမီးယားလိဂ်ကစားသမားများ ငါးယောက်တစ်တွဲစီ စတင်လေ့ကျင့်ခွင့်ပြု ဇွန် ၁၂ ရက်တွင် ရာသီပြန်စ နိုင်ဖွယ်မရှိဘဲ အချိန်ထပ်စောင့်ရနိုင်ဟု မာစတာဆို

Thursday, 21 May 2020 10:34 font size decrease font size decrease font size increase font size increase font size

 

ပရီးမီးယားလိဂ်အသင်းများအနေဖြင့် မေ ၁၉ ရက်မှစတင်ပြီး ကစားသမားအစုအဖွဲ့ဖြင့် စတင် လေ့ကျင့် ခွင့်ပြုကြောင်း အတည်ပြုခဲ့သည်။ ထိုသို့လေ့ကျင့်ခန်းဆင်းရာတွင် ငါးယောက်တစ်စုစီကို နေရာခြားပြီး တစ်ဦးနှင့် တစ်ဦး ထိတွေ့ခြင်းမရှိသည့်ပုံစံဖြင့်သာ စတင်လေ့ကျင့်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး  နောက်တစ်ဆင့်အနေဖြင့် ကစား သမားအချင်းချင်း   ထိတွေ့လေ့ကျင့်မှုအစီအစဉ်ကို မေ ၂၅ ရက်အစည်းအဝေးမှ  ထပ်မံဆုံးဖြတ်မည်ဟု  သိရသည်။

မူလက ပရီးမီးယားလိဂ်ပွဲများကို ဇွန် ၁၂ ရက် တွင် ပြန်ကစားနိုင်ရန် ပစ်မှတ်ထားခဲ့ပြီး အဖွဲ့ငယ် များဖြင့် စတင်လေ့ကျင့်ခွင့်ရပြီဖြစ်ခြင်းကြောင့် ထိုသတ်မှတ်ရက်တွင် ရာသီပြန်စနိုင်မည်ဟု မျှော်လင့်နေကြသော်လည်း တစ်ဆင့်ပြီးတစ်ဆင့်သာ တက်လှမ်းရမည်ဖြစ်၍ ဇွန် ၁၂ တွင် ပြန်ကစားနိုင်ဖွယ်မရှိသေးဘဲ  ရက်ထပ်မံ နောက်ဆုတ်ပြီးမှ ရာသီပြန်စနိုင်ဖွယ်ရှိကြောင်း ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာက ထုတ်ဖော် ပြောသည်။

မန်စီးတီးအသင်းတိုက်စစ်မှူးစတာလင်းက ဇွန် ၁၂ ရက်တွင်  ဘောလုံးပွဲများ  ပြန်ကစားရန်မှာ လုံလောက်သော အချိန်မရနိုင်သဖြင့် ထိုရက်ထက်နောက်ကျပြီးမှ  ရာသီပြန်စသင့်သည်ဟုလည်း ပြောဆိုထားသည်။

ရစ်ချက်မာစတာက ဇွန် ၁၂ ရက်ပြန်စနိုင်မယ် လို့ အတည်မပြုနိုင်ပါဘူး။ ကျွန်တော်တို့ ဒီအစည်း အဝေးမှာ ရာသီပြန်စမယ့်ရက်အကြောင်း၊ ကစား သမားတွေ ဘယ်အချိန်ပွဲတွေ့ကြံ့ခိုင်မှုပြန်ရနိုင်မယ်ဆိုတဲ့အကြောင်း ဘာမှမပြောခဲ့ဘူး။ ငါးယောက် တစ်တွဲ လူချင်းမထိမိစေတဲ့ လေ့ကျင့်မှုပြန်လုပ်ဖို့ မဲပေးဆုံးဖြတ်နိုင်ခဲ့တယ်။ နောက်တစ်ပတ်အစည်းအဝေးမှာ အသင်းလိုက် ထိတွေ့လေ့ကျင့်မှုပြန်လုပ်နိုင်ဖို့  တိုင်ပင်ကြမယ်။  ဘောလုံးရာသီ ပြန်မစတင်မီ ကစားသမားတွေက ပွဲတွေ့ကြံ့ခိုင်ရေးပြန်တည်ဆောက်ဖို့အတွက် အချိန်ဘယ်လောက် ယူရမလဲ ဆိုတာကို ထပ်ပြီးတိုင်ပင်ကြရဦးမယ်။ ဒါတွေအားလုံးပြင်ဆင်ပြီးမှ ရာသီပြန်စမယ့်ရက်ကို ဆုံးဖြတ် အတည် ပြုနိုင်မှာပါ။ ကစားသမားတွေဆီက တုံ့ပြန်လာမယ့်အသံတွေကိုလည်း နားထောင် ရပါဦးမယ် ဟုပြောသည်။      

Read 63 times