Print this page

လီဗာပူးအသင်းကို အခမ်းအနားဖြင့် ချန်ပီယံဆုပေးရန် စီစဉ်ထား

Thursday, 21 May 2020 10:36 font size decrease font size decrease font size increase font size increase font size

 

ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာက ဇွန် လတွင် ဘောလုံးပွဲများပြန်ကစားပါက နှစ်ပွဲသာ ထပ်နိုင်ရုံဖြင့်  ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရရှိမည့် လီဗာပူးအသင်းကို အခမ်းအနားဖြင့် ဆုဖလားနှင့်ဆုဆွဲပြားများ ချီးမြှင့်ရန် စီစဉ်ထားကြောင်း သိရသည်။

ဘောလုံးပွဲများပြန်ကစားလျှင် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရမည်ဖြစ်ကာ    လီဗာပူးအသင်းချန်ပီယံဖလားနှင့် အောင်ပွဲခံခွင့်လည်း ရနိုင်မည်မဟုတ်ဟု သုံးသပ်မှုများရှိနေရာ ရစ်ချက်မာစတာက ဖြစ်နိုင်မယ်ဆိုရင် အားလုံး လုပ်ပေးမှာပါ။ သူတို့ကို အခမ်းအနားနဲ့ ချန်ပီယံဖလားလွှဲပေးရပါလိမ့်မယ်။ ကစားသမားတွေ၊ အသင်းဝန် ထမ်းတွေကို ဆုဖလားနဲ့ဆွဲပြားတွေပေးအပ်ပွဲအခမ်းအနားကို အတတ်နိုင်ဆုံးဖြစ်အောင်လုပ်ပေး မှာပါဟု ပြောသည်။                         

 

Read 61 times