SJ WorldNews - шаблон joomla Авто

ဟံသာဝတီယူနိုက်တက်အသင်း ကစားသမားများ၏ ကြံ့ခိုင်မှုစစ်ဆေးမည်

Friday, 22 May 2020 09:10 font size decrease font size decrease font size increase font size increase font size

 ယခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ် ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည့် ဟံသာဝတီယူနိုက်တက် အသင်းသည် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နိုင်ရန်  မေလနောက်ဆုံးပတ်တွင်  ကစားသမားများ၏ ကြံ့ခိုင်မှုကိုစစ်ဆေးမည်ဖြစ်ကြောင်း အသင်းမန်နေဂျာ ဦးထွန်းထွန်းလင်းကပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက အုပ်ချုပ်သူများနှင့် နည်းပြအဖွဲ့တို့ အစည်းအဝေးပြုလုပ်ပြီးကစားသမားများ    ကြံ့ခိုင်မှုစစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း လူငါးဦးနှင့်အထက် လူစုလူဝေးပြုလုပ် ခွင့်မရှိသည့်အတွက် ကြံ့ခိုင်မှုစစ်ဆေးရာ၌ တစ်ရက်လျှင်   လေးဦးသာစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ကစားသမားတွေ  ပြန်ပြီးလေ့ကျင့်ရတော့မယ်ဆိုရင်  လေ့ကျင့်သားပြည့်ဝဖို့ကြံ့ခိုင်မှုကို စတင်စစ် ဆေးမှာဖြစ် ပါတယ်။ အသင်းလိုက် စုစည်းလေ့ကျင့်ဖို့ကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက  ခွင့်ပြုတော့မှ ဆောင်ရွက်မှာ ပါဟု ဦးထွန်းထွန်းလင်းကပြောသည်။

ပြိုင်ပွဲကို  ဇူလိုင်လအတွင်း  ပြန်လည် စတင်နိုင်ရန်    မျှော်မှန်းထားကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်ကပြောသည်။ဟံသာဝတီယူနိုက်တက်အသင်းသည် ၁၀ ပွဲကစားပြီးချိန်တွင် ကိုးပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်  ၂၇ မှတ်ဖြင့်  အမှတ်ပေးဇယား ထိပ်ဆုံး၌ ဦးဆောင်နေသည်။        

 

Read 32 times Last modified on Friday, 22 May 2020 10:51