SJ WorldNews - шаблон joomla Авто

မြန်မာ့လက်ရွေးစင်နှင့် သက်တမ်းအလိုက်လူငယ်လက်ရွေးစင်အသင်းများ လေ့ကျင့်မည့်ကာလ သတ်မှတ်မည်  

Saturday, 23 May 2020 11:53 font size decrease font size decrease font size increase font size increase font size

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည်  လေ့ကျင့်မှုရပ်နားထားသည့် မြန်မာ့ လက်ရွေးစင်အသင်းနှင့် သက်တမ်း အလိုက် လူငယ်လက်ရွေးစင်အသင်းများ လေ့ကျင့် မည့်ကာလကို  ပြန်လည်သတ်မှတ်မည်ဖြစ် ကြောင်း သိရသည်။

COVID-19 ရောဂါကြောင့် မတ် ၂၄ ရက်မှစ၍ ပြည်တွင်းဘောလုံးပြိုင်ပွဲများ ရပ်နားခဲ့ပြီး  လက်ရွေးစင် အသင်းများ၏ လေ့ကျင့်မှုကိုပါ  ရပ်နားခဲ့ခြင်းဖြစ်သည်။ မြန်မာဘောလုံးအသင်းများ ဝင်ရောက်ယှဉ် ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများလည်း ရွှေ့ဆိုင်းထားပြီး အစောဆုံး စက်တင်ဘာ လမှသာ   ပြန်လည်ကျင်းပမည်ဖြစ်ရာ   လက်ရွေးစင်အသင်းများအနေဖြင့် ရောဂါ ပျောက်ကင်းမည့်ကာလပေါ်မူတည်၍  ပြန်လည် လေ့ကျင့် မည်ဖြစ်သည်။

မြန်မာဘောလုံးအသင်းများသည် ယခု နှစ်အတွင်း အာဆီယံအဆင့်ပြိုင်ပွဲများသာ ဝင်ရောက်ယှဉ်ပြိုင်ရ မည် ဖြစ်ပြီး   မြန်မာ့ လက်ရွေးစင် အမျိုးသားဘောလုံးအသင်း တစ်သင်းသာ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲ အပြင်  ၂၀၂၂ ကမ္ဘာ့ဖလား  အာရှ ဇုန် ဒုတိယအဆင့် ခြေစစ်ပွဲလက်ကျန်ပွဲ များ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ ယူ-၁၆ အမျိုးသားအသင်းနှင့် ယူ-၁၉ အမျိုးသားအသင်းတို့မှာ စခန်း သွင်းလေ့ကျင့်နေသည့်ကာလတွင်  ရပ်နား ခဲ့ရခြင်းဖြစ်ပြီး   တချို့အသင်းများမှာ လေ့ကျင့်ရန်ပြင်ဆင်နေသည့်ကာလတွင် ဖျက်သိမ်းခဲ့ ရခြင်း ဖြစ်သည်။ 

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က   ယခုနှစ်အတွင်းကျင်းပမည့် ပြိုင်ပွဲ ကိုးပွဲအနက် ရှစ်ပွဲတွင် မြန်မာ အသင်း များ  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသား အသင်းများအနေဖြင့် လက်ရွေးစင်အသင်း၊ ယူ-၁၉ အသင်း၊ ယူ-၁၆ အသင်း၊  အမျိုး သမီးအသင်းများအနေဖြင့်   လက်ရွေးစင် အသင်း၊ ယူ-၁၈ အသင်းနှင့်  ယူ-၁၅  အသင်း တို့အပြင် ဖူဆယ်အသင်းတို့ ပြိုင်ပွဲ များယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယူ-၂၁ အမျိုးသားအသင်းသည်  ၂၀၂၁ ဆီးဂိမ်း အတွက်  ကြိုတင်ပြင်ဆင်သည့် အနေဖြင့် လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ် သည်။

မြန်မာဘောလုံးအသင်းများ ယှဉ်ပြိုင် မည့်ပြိုင်ပွဲများကို    စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ပြန်လည် ကျင်းပ ရန် စီစဉ်ထားပြီး   အမျိုးသားပြိုင်ပွဲအဖြစ် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ၊ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၊ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ၊ အာဆီယံဖူဆယ်ပြိုင်ပွဲ၊ အာဆီယံ ဖူဆယ် ကလပ်ပြိုင်ပွဲ၊   အမျိုးသမီးပြိုင်ပွဲအဖြစ် အာဆီယံ အမျိုးသမီးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၅ ပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။           

 

Read 29 times