SJ WorldNews - шаблон joomla Авто

၂၀၂၀ ပြည့်နှစ်တွင် အကောင်းဆုံးပြင်ဆင်နေသည့် ဖိုးသော်

Saturday, 23 May 2020 12:06 font size decrease font size decrease font size increase font size increase font size

 

Team PT    ၌ အကောင်းဆုံးပြင်ဆင် လေ့ကျင့်နေသည့် ဖိုးသော်သည် မြန်မာ့ ရိုးရာလက်ဝှေ့သမား ဟောင်းတစ်ဦးဖြစ်ပြီး  ၂၀၁၅  ခုနှစ်က ONE Championship  နှင့်လက်တွဲ၍  ပြိုင်ပွဲများယှဉ်ပြိုင်နေသူ ဖြစ်သည်။ ၂၀၁၆ ခုနှစ်က ဖယ်သာဝိတ် တန်းချန်ပီယံခါးပတ်ကိုရရှိခဲ့ပြီး ၁၀ ပွဲ ယှဉ်ပြိုင်ရာတွင်   ရှစ်ပွဲနိုင်၊   နှစ်ပွဲရှုံး မှတ်တမ်းကို ပိုင်ဆိုင်ထားသည်။

ဖိုးသော်သည် ၂၀၁၉ ခုနှစ်  အောက် တိုဘာလအတွင်း နောက်ဆုံးယှဉ်ပြိုင်ထား သည့်ပွဲတွင် တောင်ကိုရီးယား အားကစား သမား Yoon Chang Min  ကို ရှုံးနိမ့် ထားသည်။  အသက်  ၃၅  နှစ်အရွယ် ဖိုးသော်က လက်ရှိအချိန်တွင် စွမ်းဆောင် ရည်ကောင်းများရရှိနိုင်ရေးနှင့်  နိုင်ပွဲများ ပြန်လည်ရှာဖွေနိုင်ရေးအတွက် ပြင်းပြင်း ထန်ထန်လေ့ကျင့်လျက်ရှိသည်။

ဖိုးသော်က ONE Championship စင်မြင့်ထက်တွင် ၎င်းကို ရှုံးပွဲကြုံစေခဲ့ သည့်  မလေးရှားအားကစားသမား Keanu Subba  နှင့် တောင်ကိုရီးယားအားကစား သမား Yoon Chang Min  တို့ကို လက်စား ချေခွင့်ရနိုင်ရန် အားခဲထားပြီး   ဖယ်သာ ဝိတ်တန်းတွင်လည်း အဆင့်သတ်မှတ်ချက် မြင့်တက်လာစေရန် ကြိုးစားနေကြောင်း နှင့်ပတ်သက်၍ ONE Championship  က ထုတ်ပြန်လိုက်တဲ့  ဖယ်သာဝိတ်တန်း အဆင့်သတ်မှတ်ချက်မှာ    လက်ရှိ ကမ္ဘာ့ ချန်ပီယံ  ဗီယက်နမ်-သြစတြေးလျအား ကစားသမား ြမေအငည Martin “The SituAsian” Nguyen  ကို စိန်ခေါ်နိုင်ခွင့်ရှိသူ  ထိပ်ဆုံး ငါးဦးစာရင်းထဲမှာ ပါဝင်လာခြင်းမရှိပါဘူး။  ဒီလို  အဆင့်  သတ်မှတ်ချက် (၁) ကနေ (၅) အတွင်း ပါဝင်လာခြင်းမရှိတဲ့အပေါ်   စိတ်ပျက်အားငယ်ခြင်းမရှိဘဲ ပိုမိုကြိုးစား နိုင်အောင် တွန်းအားပေးတာလို့ ခံယူပါ တယ်။ Team PT မှာ လေ့ကျင့်မှုတွေ အဆက်မပြတ်ပြုလုပ်နေပြီး ၂၀၂၀ ပြည့် နှစ်အတွင်း အရင်နဲ့မတူတဲ့ ဖိုးသော်ဖြစ်လာ အောင်ကြိုးစားနေပါတယ် ဟု ဖိုးသော် ကပြောသည်။                      

Read 30 times