SJ WorldNews - шаблон joomla Авто

၀က်ဖို့ဒ်ကစားသမားနှစ်ဦး၏ မိသားစုဝင်များတွင်  COVID-19 aရောဂါပိုးတွေ့ရှိ အကြောင်းအမျိုးမျိုးကြောင့် လေ့ကျင့် ခန်းမဆင်းနိုင်သည့်ကစားသမား ခြောက်ဦးရှိ

Monday, 25 May 2020 09:19 font size decrease font size decrease font size increase font size increase font size

 

ဝက်ဖို့ဒ်အသင်းတွင် နောက်ထပ်ကစားသမားနှစ်ဦး၏ မိသားစုဝင်များထဲတွင်  COVID-19  ရောဂါပိုးတွေ့ ရှိသောကြောင့် အဆိုပါကစားသမားနှစ်ဦးသည် အသင်း နှင့် လေ့ကျင့်နိုင်ခြင်းမရှိတော့ဘဲ သီးခြား နေထိုင်ကြ ရကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဝက်ဖို့ဒ်အသင်းသားများကို ဆေးစစ်မှုပြုလုပ်ခဲ့ရာ ခံစစ်မှူး မာရီယက်ပါနှင့် တခြား အသင်း ဝန်ထမ်းနှစ်ဦးတို့တွင်  COVID-19 a ရောဂါ ပိုးတွေ့ရှိခဲ့သည်။

ထို့ကြောင့် အဆိုပါသုံးဦးသည် အသင်းနှင့်လေ့ကျင့် နိုင်ခြင်းမရှိဘဲ သီးခြားနေထိုင်ပြီး ရောဂါပျောက်ကင်းရန် ကြိုးစားနေရချိန် အသင်းမှ နောက်ထပ်ကစားသမားနှစ်ဦးသည်လည်း  မိသားစုဝင်များထဲတွင်  ရောဂါပိုးကူးစက် ခံရသည့် အတွက်    သီခြားနေထိုင်ရသဖြင့် လေ့ကျင့်ခန်းမဆင်းနိုင်တော့ပေ။

ထိုအခြေအနေကြောင့်    ပရီးမီးယားလိဂ်ရာသီ လက်ကျန်ပွဲများပြန်ကစားနိုင်ရန်  အုပ်စုငယ်များခွဲပြီး လေ့ကျင့် နေရသော ဝက်ဖို့ဒ်အသင်းအတွက် လေ့ကျင့်ပြင်ဆင်မှုများသည် အဆင်ပြေခြင်းမရှိဘဲ  အသင်း  ခေါင်းဆောင် တိုက်စစ်မှူး   ထရွိုင်ဒီးနီအပါအဝင် တခြားကစားသမားသုံးဦးသည်လည်း   မိသားစုနှင့် ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်များဖြင့် လေ့ကျင့် မှုမရှိသည့်အတွက်    လေ့ကျင့်ခန်းမဆင်းနိုင်သည့်ကစားသမား ခြောက်ဦး အထိ ရှိနေပြီဖြစ်သည်။

ဝက်ဖို့ဒ်နည်းပြ  ပီယာဆန်က  ကျွန်တော်တို့ လက်ရှိမှာ လေ့ကျင့်နိုင်ခြင်းမရှိတဲ့ ကစားသမားတွေ အများ ကြီးရှိနေတယ်။     အကြောင်းပြချက်ကိုယ်စီနဲ့ပေါ့။ ကစားသမားတွေနဲ့  တခြားအသင်းဝန်ထမ်းတွေရဲ့ မိသားစု ဝင်တွေကိုပါ ရောဂါပိုး ရှိ၊ မရှိ သီးခြားအစီအစဉ်နဲ့  စစ်ဆေးခဲ့ရာက နောက်ထပ်ကစားသမားနှစ်ဦးက ပိုးရှိမိသားစု ဝင်တွေနဲ့ ထိတွေ့မှုရှိခဲ့တဲ့အတွက် သူတို့လည်း လတ်တလော သီးခြားနေထိုင် ရလို့ လေ့ကျင့်နိုင်ခြင်းမရှိဘူး ဟု ပြောသည်။

ဝက်ဖို့ဒ်အသင်းသည် အသင်းသားများကို မေ ၂၂ ရက်က ဒုတိယအကြိမ် ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခဲ့ပြီး  မေ ၂၅ ရက်တွင် နောက်ဆုံးအကြိမ် ထပ်မံဆေးစစ်ပြီး ပါက မေ ၂၇ ရက် အစည်းအဝေးတွင် ရာသီပြန်စနိုင်ရေး အစီရင် ခံစာကို တင်ပြရမည်ဖြစ်သည်။

Read 48 times