SJ WorldNews - шаблон joomla Авто

လိုင်ယွန် အေမီယန်းစ်နှင့်တူးလုစ်တို့၏ လီဂူးဝမ်းဘောလုံးရာသီဖျက်သိမ်းမှုအတွက် အယူခံဝင်မှု ပယ်ချခံရ  

Monday, 25 May 2020 09:29 font size decrease font size decrease font size increase font size increase font size

ဧပြီ ၃၀ ရက်က ပြင်သစ်ဘောလုံးလိဂ်သည်  COVID-19  ရောဂါကြောင့် ယခုနှစ်ဘောလုံးရာသီကို  ဖျက်သိမ်း လိုက်ကြောင်း  အတည်ပြုဆုံးဖြတ်ခဲ့ရာ လိုင်ယွန်အသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခြင်း၊ အေမီယန်းစ်နှင့် တူးလုစ်

အသင်းများတန်းဆင်းသွားရသဖြင့် အဆိုပါသုံးသင်းသည် ပဲရစ်တရားစီရင်ရေး ရုံးတော်သို့ ပူးတွဲအယူ ခံတင် သွင်းခဲ့သည်။

သို့သော် အစိုးရအသိအမှတ်မပြုမီ  အယူခံဝင်နိုင်ကြောင်းနှင့် အားလုံး စုံညီသဘောတူခဲ့သော  ဆုံးဖြတ်ချက် ဖြစ်သည့်အတွက်  အယူခံကျရှုံးကြောင်း တရားသူကြီးတစ်ဦးမှ  စီရင်ချက်ချပေးခဲ့သည့်အတွက်  လိုင်ယွန် အသင်း၏ ချန်ပီယံလိဂ်ကစားခွင့်ရရေး အိပ်မက်ပျက်ပြယ်ခဲ့ရသည်။  ပြင်သစ်လီဂူးဝမ်း သည် ကစားရန် ၁၀ ပွဲလိုသေးချိန်တွင် ရာသီဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

ဧပြီ ၃၀ ရက်က အများစုံညီဆုံးဖြတ်ချက်ဖြင့် ဘောလုံးလိဂ်ကို ဖျက်သိမ်းရန်ဆုံးဖြတ်ခဲ့ကြောင်း၊  ဆုံးဖြတ်ချက ်တွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အားလုံးပါဝင်ကြောင်း၊ မကျေနပ်ပါက  အစိုးရအသိအမှတ်မပြုမီ  အယူခံဝင်နိုင်ပြီး ဆုံးဖြတ်ပြီးပါက အယူခံဝင်၍မရကြောင်း မေ ၂၂ ရက်က ရုံးတော်ကချမှတ်ခဲ့သော စီရင်ချက်တွင်ပါရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပြင်သစ်ဘောလုံးလိဂ်အဖွဲ့ချုပ်သည် မဲပေးဆုံးဖြတ် မှုတစ်ခုပြုလုပ်ခဲ့ရာ နောက်ရာသီ ဒုတိယတန်းဖြစ်သော  လီဂူး (၂) ပွဲကို ယခင်  အသင်း ၂၀ ဖြင့်ကျင်းပရာမှ ၂၂ သင်းဖြင့်ကျင်းပရန်  သဘော တူညီ ခဲ့သည်။ 

Read 52 times