SJ WorldNews - шаблон joomla Авто

ONE Championship ဝင်ခွင့်အိပ်မက်အတွက် ကြိုးစားနေသည့် အမျိုးသမီးလက်ဝှေ့အားကစားသမား နော်အဲအဲ

Tuesday, 26 May 2020 09:03 font size decrease font size decrease font size increase font size increase font size

နော်အဲအဲသည် ကရင်ပြည်နယ် ကော့ ကရိတ်မြို့ဇာတိဖြစ်ပြီး ငယ်စဉ်ကတည်းက ဂျူဒိုအားကစားကို လေ့လာသင်ယူခဲ့ဖူးသူ ဖြစ်သည်။ ပြည်နယ်လက်ရွေးစင် ဂျူဒိုကစားသမားဘဝဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ဆုတံဆိပ်များလည်း ရရှိခဲ့သည်။ နော်အဲအဲသည်  ၂၀၁၃  ခုနှစ်တွင်  ရိုးရာလက်ဝှေ့ လောကသို့  စတင်ဝင်ရောက်ခဲ့ကာ ပြိုင်ပွဲပေါင်း ကိုးပွဲယှဉ်ပြိုင်ခဲ့ပြီး လေးပွဲနိုင်၊ တစ် ပွဲရှုံး၊ လေးပွဲသရေ ရလဒ်ရရှိထားသည်။

ထို့ပြင်   မြန်မာနိုင်ငံကိုယ်စားပြုကာ တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပသည့် နပန်းပြိုင်ပွဲကိုလည်း သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး ကမ္ဘာ့နိုင်ငံပေါင်းစုံမှ ပြိုင်ပွဲဝင်များ ပါဝင်ခဲ့သည့် ယင်းပြိုင်ပွဲကြီးတွင် ၎င်း၏ဝိတ်တန်း၌ ကြေးတံ ဆိပ်ဆုရရှိခဲ့သည်။

ညီမက ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို ယှဉ်ပြိုင်ချင်တာကြာပါပြီ။ အဆက်အသွယ်လည်းမရှိတာနဲ့ မကစားဖြစ်တာပါ။ ၂၀၁၇ ခုနှစ်တုန်းကတော့ ယှဉ်ပြိုင်မယ်လုပ်ပြီးမှ တောင်ကိုရီးယားနိုင်ငံမှာ ပညာသင်ဖို့ အတွက် ငါးလသွားနေလိုက်ရလို့ အဆက်အသွယ်ပြတ်သွားတယ်။ ပြန်လာတော့ ညီမက ကိုယ်ကာယ လေ့ကျင့်ရေးရုံမှာ နည်းပြလုပ်တယ်။ Kickboxing တွေ၊မွေထိုင်းကစားနည်းတွေ သင်တယ်။ အဲဒီအချိန်မှာ    ကိုအောင်လအန်ဆန်ပွဲတွေ  ရန်ကုန်မှာ ကျင်းပတော့ ကြည့်ပြီး စိတ်အားထက်သန်လာတယ်။ အဲဒီမှာ ကိုဖိုးသော်နဲ့  Facebook  မှာ သူငယ်ချင်းဖြစ်ပြီး သူ့ရဲ့အဖွဲ့နဲ့ပူးပေါင်းဖြစ်သွားပြီး  ကိုဖိုးသော်ရဲ့ကလပ်မှာ    ကစားသမားလည်းလုပ်ရင်း နည်းပြလည်းလုပ်ဖြစ်ပါတယ် ဟု နော်အဲအဲက Team  PT သို့   ရောက်ရှိခဲ့ပုံကို ပြောပြခဲ့သည်။

Team  PTသည် ONE Championship၏ ဖယ်သာဝိတ်တန်းကစားသမား တစ်ဦးဖြစ်သည့် ဖိုးသော် ဦးဆောင်တည်ထောင်ထားသော  အားကစားရုံဖြစ်ပြီး နောက်ထပ် ONE Championship ကစားသမား တစ်ဦးဖြစ်သော Chan Rothana၊ ONE Warrior Series မှ စိုင်းဉာဏ်လင်း၊ Pancrase  ပြိုင်ပွဲမှ Shunichi Shimizu ၊ ရုရှားလက်ဝှေ့သမား Mike Vetrila နှင့် မြန်မာ့လက်ဝှေ့သမား ကိုကိုအောင်တို့ဖြင့် ပါဝင် ဖွဲ့စည်းထားသည်။ အဆိုပါအားကစားရုံ၌ နော်အဲအဲက ကစားသမားတစ်ဦးအဖြစ်ရော  ကိုယ်ကာယ ကြံ့ခိုင်ရေးနည်းပြ အနေဖြင့်ပါ ပါဝင်နေခြင်းဖြစ်သည်။

ဒီမှာက မိန်းကလေးဆိုလို့ ညီမတစ်ယောက်ပဲရှိတယ်။ ကျန်တဲ့သူတွေ အားလုံးက  ကိုယ်နဲ့ဝိတ်တန်း မတူတဲ့သူတွေ၊ ကိုယ့်ထက်ဝိတ်တန်းကြီးတဲ့သူတွေနဲ့ပဲ လေ့ကျင့်ရတယ်။   ပညာလည်းရတယ်။ကြိုးလည်း ကြိုးစားရတယ်။ ပွဲတွေယှဉ်ပြိုင်ရင်လည်း ကိုယ့်ကို ကူညီပေးတယ် ဟု နော်အဲအဲက  Team  PT  တွင် လေ့ကျင့်ရသည့်အနေအထားကိုပြောသည်။

နော်အဲအဲသည်  ငယ်စဉ်က ကျောင်းပညာကို    တက္ကသိုလ်ဝင်တန်းအထိသာ သင်ယူခဲ့ဖူးသော်လည်း  ကိုယ်ခံပညာကို ဂျူဒိုနှင့်ကိုရီးယားနပန်းအပြင် မြန်မာ့သိုင်း၊ အင်ဒိုနီးရှားရိုးရာသိုင်း၊ မွေထိုင်း၊ boxing    စသည့်အားကစားနည်းများကိုပါ သင်ယူခဲ့ဖူးသူဖြစ်သည်။ ထို့ကြောင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားလောကထဲသို့ ဝင်ရောက်ရန် လိုအပ်သည့်အတတ်ပညာ များကို သင်ယူဆည်းပူးနေသည်။

လက်ရှိတွင် ONE Championship နှင့်  ONE  Warrior  Series    တို့တွင် ယှဉ်ပြိုင်နေသည့်    အသင်းဖော်များကို အားကျမိကြောင်း၊    အခွင့်အရေးရလျှင် ၎င်းတို့ကဲ့သို့   ယှဉ်ပြိုင်လိုပြီး  မိမိတွင်လုံလောက်သည့်  အရည်အချင်း ရှိနေစေရန်  အပြင်းအထန်လေ့ကျင့်နေကြောင်း၊ ယင်းပြိုင်ပွဲတွင်  ပါဝင်ယှဉ်ပြိုင်ခွင့်ရပါက ပွဲဦးထွက်ပွဲကို အနိုင်ယူမည်ဖြစ်ကြောင်း နော်အဲအဲကပြောသည်။            

Read 46 times