SJ WorldNews - шаблон joomla Авто

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်ရန်စီစဉ်

Tuesday, 26 May 2020 09:12 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်အနေဖြင့် COVID-19   ရောဂါကြောင့် ပြိုင်ပွဲများကျင်းပမှုကို မတ်လမှ ဇူလိုင်လအထိ ရပ်နားခဲ့ပြီး ယခုနှစ်မကုန်မီ ပြန်လည်ကျင်းပရန် မေ ၂၂ ရက်က အတည်ပြုထုတ်ပြန်ခဲ့ရာ မြန်မာ ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိသည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် ယခုနှစ်အတွင်း  ကျင်းပရန်စီစဉ်ထားသည့်ပြိုင်ပွဲများအနက် တချို့ပြိုင်ပွဲများကို ဖျက်သိမ်းခဲ့သော်လည်း  ပြန်လည်ကျင်းပမည့်ပြိုင်ပွဲမှာ ၁၀ ခုဝန်းကျင်ရှိပြီး တချို့ပြိုင်ပွဲများကိုလည်း ရွှေ့ဆိုင်း ထားကာ ပြန်လည်ကျင်းပမည့်ကာလကို ထပ်မံအတည်ပြုမည်ဖြစ်သည်။

 သက်ထားသူဇာသည် မတ်လကတည်းက ပြိုင်ပွဲယှဉ်ပြိုင်မှုရပ်နားထားရပြီး ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပမည့်ပြိုင်ပွဲများပေါ်မူတည်၍  ဝင်ရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲများကို ရွေးချယ်မည်ဖြစ်သည်။

သက်ထားသူဇာသည်  ဖေဖော်ဝါရီလက  ကင်ညာနှင့် ယူဂန္ဓာနိုင်ငံတို့၌ ကျင်းပသည့်ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ပြီးနောက်  ဥရောပနိုင်ငံများ၌  ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ရန်   ထွက်ခွာခဲ့သော်လည်း      ပြိုင်ပွဲများ ဖျက်သိမ်းမှုကြောင့် ပေါ်တူဂီနှင့်ချက်နိုင်ငံတို့သို့  ရောက်ရှိပြီးမှ မြန်မာနိုင်ငံသို့   ပြန်လာရခြင်းဖြစ်သည်။

သက်ထားသူဇာသည်  ၂၀၂၁  ခုနှစ်သို့ရွှေ့ဆိုင်းသွားသည့်  တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ဆက်လက် ကြိုးစား မည်ဖြစ်ပြီး    ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ အိုလံပစ်ဝင်ခွင့်အတွက် သတ်မှတ်ချက်ပေါ် မူတည်၍ ပြိုင်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်သည်။                         

Read 48 times