SJ WorldNews - шаблон joomla Авто

နှစ်ကျော့ဆေးစစ်မှုအပြီး ထပ်တိုးပိုးတွေ့သူနှစ်ဦးသာရှိ၍ ပရီးမီးယားလိဂ်ပွဲများ အမြန်ဆုံးအကောင်အထည်ပေါ်လာရန် အားတက်ဖွယ်ရာအနေအထားဖြစ်လာ

Tuesday, 26 May 2020 09:19 font size decrease font size decrease font size increase font size increase font size

ပရီးမီးယားလိဂ်ကစားသမားများ၊ နည်းပြများ နှင့်အသင်းဝန်ထမ်းများအားလုံး  နှစ်ကျော့ ဆေးစစ်မှုအပြီး COVID-19  ရောဂါပိုး တွေ့ရှိ ရသူနှစ်ဦးသာ ထပ်တိုးလာခြင်းကြောင့်  ရပ်နားထားသော ပရီးမီးယားလိဂ်ပွဲများ   ပြန်လည်ကစားနိုင်ရေး     ချမှတ်လုပ်ဆောင်နေသော  စီမံကိန်းမှာ အမြန်ဆုံးအကောင်အထည်ပေါ်လာ ရန်  အားတက်စရာအနေအထားဖြစ်ကြောင်း ဒေးလီးမေးလ်ကဖော်ပြသည်။

ဘောလုံးပွဲများပြန်ကစားရန် သက်ဆိုင်သူများ ကို ဆေးစစ်မှုအခြေအနေသည် အရေးအပါဆုံး ဖြစ်ရာ ယခုတစ်ပတ်အတွင်း နှစ်ကျော့ဆေးစစ်ခဲ့  သည်။ ဒုတိယအကျော့  ၉၉၆ ဦးကို  ဆေးစစ် ရာတွင် နှစ်ဦးသာထပ်တွေ့ရပြီး နှစ်ကျော့ပေါင်း ဆေးစစ်မှုမှ ရှစ်ဦးသာ ပိုးတွေ့ရသဖြင့် ရာသီပြန်စ နိုင်ရေး  အားတက်စရာဖြစ်ခဲ့သည်။  အဆိုပါ ပိုးတွေ့သူရှစ်ဦးသည် အစိုးရကချမှတ်ပေးထား သည့် လမ်းညွှန်ချက်အတိုင်း   တစ်ပတ်ကြာ သီးခြားခွဲနေထိုင်ကာ  ရောဂါပျောက်ကင်းစေရန် စီစဉ်ကြရမည်ဖြစ်သည်။ 

မေ ၂၁ ရက်နှင့် ၂၂ ရက်တို့က ဆေးစစ် မှုပြုလုပ်ရာ ရောဂါပိုးတွေ့ရှိသူ  သုည ဒသမ ၂ ရာခိုင်နှုန်းသာရှိခဲ့သည်။     ဒုတိယအကျော့ ဆေးစစ်မှုတွင် လူဦးရေပိုများစွာစစ်ဆေးနိုင်ခဲ့ ကာ   ကလပ်အသင်းတိုင်းကို   ဆေးစစ်သည့် အကာအကွယ်ဝတ်စုံ  ၄၀ မှ ၅၀ အထိတိုးပေးခဲ့ သောကြောင့်ဖြစ်ကြောင်း   သိရသည်။    ယခု အင်္ဂလန်ထိပ်ဆုံးလိဂ်နှစ်ခုမှ ကစားသမားများကို ဆေးစစ်မှုသည် ဂျာမနီထိပ်ဆုံးလိဂ်နှစ်ခုမှ ကစား သမားများနှင့်အသင်းသားများကို    ပြီးခဲ့သည့် တစ်လအတွင်း  ဆေးစစ်မှုရလဒ်နှင့်ယှဉ်လျှင် ပိုမိုအားကောင်းသည်ကိုတွေ့ရသည်။ ဂျာမနီ၌ ဆေးစစ်မှုပေါင်း ၁၇၄၈ ခု ပြုလုပ်ခဲ့ရာ ၁၀ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ရသည်။ 

ပရီးမီးယားလိဂ်သည် ရာသီပြန်စနိုင်ရေး စနစ် အကျဆုံးနှင့်ဘေးအကင်းဆုံးဖြစ်ရန် စီစဉ်နေရာ မေ ၂၇ ရက်တွင် အသင်းများကြား အစည်းအဝေး တစ်ရပ်ခေါ်ထားပြီး  လေ့ကျင့်မှုခြေတစ်လှမ်း ထပ်တိုးခြင်းအဖြစ် ကစားသမား ၁၀ ဦးအထိ အုပ်စုဖွဲ့လေ့ကျင့်ရမည့်ရက်ကို ထိုနေ့တွင် မဲပေး ဆုံးဖြတ်အတည်ပြုမည်ဖြစ်သည်။  လက်ရှိတွင် ပရီးမီးယားလိဂ်ကစားသမားများကို   လေးဦး သို့မဟုတ် ငါးဦးတစ်စု လေ့ကျင့်ခွင့်ပြုထားမှု တွင်ပင် တစ်ဦးနှင့်တစ်ဦး ၂ မီတာခြားနေပြီးသာ လေ့ကျင့်ခွင့်ပြုထားသည်။ နောက်ဆုံးအသင်းလိုက် 

လေ့ကျင့်မှုကို  အစိုးရမှ  ခွင့်ပြုချက်ပေးမှသာအားလုံးထိတွေ့မှုများနှင့်အတူ လာမည့်လအတွင်း စတင်ပြုလုပ်နိုင်ရန် မျှော်မှန်းထားကြောင်းသိရသည်။                     

 

Read 112 times