SJ WorldNews - шаблон joomla Авто

လီဗာပူးနှင့်အက်သလက်တီကိုပွဲကြောင့် COVID-19 ရောဂါကူးစက်ပြီး သေဆုံးသူ ၄၁ ဦးရှိ

Thursday, 28 May 2020 08:07 font size decrease font size decrease font size increase font size increase font size

အန်ဖီးလ်ကွင်း၌ မတ် ၁၁ ရက်က လီဗာပူး အသင်းနှင့်  အက်သလက်တီကိုတို့ကစားသည့် ချန်ပီယံလိဂ်ပွဲစဉ် ကြောင့် COVID-19 ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၄၁ ဦးရှိကြောင်း ဗြိတိန်အမျိုးသားကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့  စစ်တမ်းအချက်အလက်များအရ သိရသည်။

အင်္ဂလန်၌ Lockdown  စည်းမျဉ်းမချမှတ်မီ  ထိုပွဲမှာ လူစုလူဝေးဖြင့် နောက်ဆုံးကစားခွင့်ပြုသည့် ဘောလုံး ပွဲဖြစ်ကာ ပရိသတ် ၅၂၀၀၀ လာရောက်ကြည့်ရှုရာတွင် အက်သလက်တီကိုပရိသတ် ၃၀၀၀ လည်း စပိန်မှ လိုက်ပါ အားပေးခဲ့ကြသည်။

ထိုပွဲကစားချိန်  စပိန်၌ ရောဂါကူးစက်ခံရသူပေါင်း  ၆၄၀၀၀၀  ကျော်ရှိနေပြီး  ဗြိတိန်၌  တစ်သိန်းကျော် ကူးစက်ခံထားရပြီးချိန်ဖြစ်သည်ဟု ဆိုသည်။ ယင်းပွဲတွင် ပရိသတ်များကြား ရောဂါကူးစက်ခြင်းကြောင့် နောက် ၂၅ ရက်မှ ၃၅ ရက်ကြား ဗြိတိန်၌ ရောဂါထပ်မံကူးစက်ပြီး သေဆုံးသူ ၄၁ ဦး ထပ်တိုးခဲ့သည်ဟု ဆိုသည်။ ထိုပွဲကို အက်သလက်တီကိုပရိသတ် ၃၀၀၀ လိုက်ပါအားပေးခွင့်ပြုလိုက်ခြင်းမှာ  မှားယွင်းမှုဟု မက်ဒရစ်မြို့တော်ဝန် အယ်လ်မိုင်းဒါက ဝန်ခံထားကြောင်း သိရသည်။  

Read 53 times