SJ WorldNews - шаблон joomla Авто

၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ပုံမှန်အတိုင်းကျင်းပနိုင်ရန် MNL ကော်မတီကြိုးပမ်း

Friday, 29 May 2020 07:20 font size decrease font size decrease font size increase font size increase font size

မြန်မာနေရှင်နယ်လိဂ် (MNL)ကော်မတီ သည်  ၂၀၂၀  ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို  ယခုရာသီတွင်  ပုံမှန်အတိုင်းကျင်းပနိုင်ရန်    ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။MNL ကော်မတီသည် မတ် ၂၄ ရက်မှစ၍ ပြည်တွင်းပြိုင်ပွဲအားလုံး ရက်အကန့်အသတ်မရှိ  ရပ်နားထားသည့်အပြင် ဧပြီ ၈ ရက်တွင် စတင်ကျင်းပမည့်    ဗိုလ်ချုပ်အောင်ဆန်းဒိုင်း   ရှုံးထွက်ပြိုင်ပွဲကိုပါ ရွှေ့ဆိုင်းခဲ့ရသည်။

ရပ်နားထားသည့် လိဂ်ပြိုင်ပွဲလေးခုစလုံး ပြန်လည်ကျင်းပနိုင်ရန်ဆောင်ရွက်နေပြီး  ရှုံးထွက်ပြိုင်ပွဲကိုပါ MNL နှင့်  MNL- 2လိဂ်ပွဲစဉ်ကစားမည့်ရက်နှင့်    ညှိနှိုင်း၍ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းပွဲများကို COVID-19  ရောဂါ ထိန်းချုပ်နိုင်သည့်အခြေအနေပေါ်မူတည်၍ ကျင်းပဖွယ်ရှိပြီး  ဇူလိုင်လဆန်းပိုင်း

တွင် ပြန်လည်ကျင်းပနိုင်ရန် မျှော်မှန်းထားသည်။

ပြိုင်ပွဲများရွှေ့ဆိုင်းထားရသောကြောင့် ပြန်လည်ကျင်းပပါက ကျင်းပမည့်ရက်နှင့်ကွင်းများ ပြန်လည် သတ်မှတ်ရ မည်ဖြစ်ပြီး ရှုံးထွက်ပွဲစဉ်များကို  ကြားရက်များတွင် ကျင်းပမည်ဖြစ်သည်။

၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း  ရှုံးထွက်ပြိုင်ပွဲတွင် MNLကလပ် ၁၂ သင်း၊ MNL-2 (ပထမတန်း) ကလပ်ရှစ်သင်း၊ အပျော်တမ်းကလပ်ငါးသင်း စုစုပေါင်း ၂၅ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး အပျော်တမ်းအသင်းတစ်သင်းမှလွဲ၍ ကျန် ၂၄ သင်း၏ အမည်စာရင်း ထွက်ပေါ်ပြီးဖြစ်သည်။ပထမအဆင့်တွင်  အပျော်တမ်းကလပ်များနှင့် MNL-2   ကလပ်အသင်းများ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး MNL ကလပ်အသင်းများမှာ   ဒုတိယအဆင့်မှ    စတင် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင်  ထိပ်ဆုံးသုံးသင်းစာရင်းဝင်ခဲ့သည့် ရှမ်းယူနိုက်တက်၊  ဧရာဝတီယူနိုက် တက်နှင့်   ရန်ကုန်ယူနိုက်တက်အသင်းတို့သည် ကွာတားဖိုင်နယ်အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

MNL ကော်မတီသည် ရှုံးထွက်ပြိုင်ပွဲ ကို  ၂၀၁၀  ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ပြီး   ၂၀၁၅   ရာသီတွင် ဗိုလ်ချုပ် အောင်ဆန်း ဒိုင်းပြိုင်ပွဲအမည် ဖြင့်  ပြောင်းလဲကျင်းပခဲ့ ကြောင်း သိရသည်။                    

Read 40 times