SJ WorldNews - шаблон joomla Авто

MNL အမှတ်ပေးပြိုင်ပွဲ ပြန်လည်ကျင်းပဖြစ်ပါက ရန်ကုန်မြို့၌သာ စတင်ကျင်းပရဖွယ်ရှိ

Friday, 29 May 2020 07:23 font size decrease font size decrease font size increase font size increase font size

ရပ်နားထားရသည့် ၂၀၂၀ မြန်မာနေရှင် နယ်လိဂ်  (MNL )  အမှတ်ပေးပြိုင်ပွဲကို  ပြန်လည်ကျင်းပဖြစ်ပါက နယ်မြို့များ၌

ကျင်းပရန်  မလွယ်ကူသေးသောကြောင့်  ရန်ကုန်မြို့၌သာ စတင်ကျင်းပဖွယ်ရှိသည်။

ရန်ကုန်မြို့၌ကျင်းပဖြစ်ပါက    သုဝဏ္ဏအားကစားကွင်းနှင့်   ရန်ကုန်ယူနိုက်တက် အသင်း၏ အိမ်ကွင်းဖြစ်သောYUSC ကွင်းတို့ကို  အသုံးပြုရမည်ဖြစ်ပြီး  ပြိုင်ပွဲမရပ်နားမီကလည်း ယင်းနှစ်ကွင်း၌  ပွဲစဉ်များကျင်းပခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် မတ်လနောက်ဆုံးပတ်တွင် MNL ပြိုင်ပွဲ ပထမအကျော့   လက်ကျန်ပွဲစဉ်များဖြစ်

သည့်   ပွဲစဉ်(၁၀) နှင့်  (၁၁)ကို   သုဝဏ္ဏအားကစားကွင်းနှင့် YUSC အားကစားကွင်း၌ကျင်းပခဲ့သော်လည်း မတ် ၂၃ ရက် တွင် နှစ်ပွဲသာကစားခဲ့ရပြီး ယင်းနေ့ညပိုင်းတွင်  COVID-19  ရောဂါပိုးရှိသူ စတင်တွေ့ရှိခဲ့သောကြောင့်  မတ်  ၂၄  ရက် ကတည်းက   ပြိုင်ပွဲများရပ်နားခဲ့ရခြင်းဖြစ်သည်။

အာဆီယံဒေသတွင်း   လိဂ်များအနက် ဗီယက်နမ်ဗွီလိဂ်ပြိုင်ပွဲကို     ဇွန်လတွင် စတင်ကျင်းပမည်ဖြစ်ပြီး ထိုင်းနှင့်မလေးရှား လိဂ်ပြိုင်ပွဲများကိုလည်း   စက်တင်ဘာလတွင် ပြန်လည်ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။                          

 

Read 150 times