SJ WorldNews - шаблон joomla Авто

ပရီးမီးယားလိဂ်အသင်းများ ထိတွေ့လေ့ကျင့်မှုအတွက် ခွင့်ပြုချက်ရရှိ ပရီးမီးယားလိဂ်ပြန်စမည့်ရက်ကို မကြာမီ အတည်ပြုမည်

Saturday, 30 May 2020 09:51 font size decrease font size decrease font size increase font size increase font size

ပရီးမီးယားလိဂ်အသင်းများက မေ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင်  ဝန်ထမ်း ၁၀၀၈ ဦးကို COVID-19    ရောဂါပိုး ရှိ၊  မရှိစစ်ဆေးခဲ့ရာ လေးဦးသာ ရောဂါပိုးထပ်မံတွေ့ရှိရသဖြင့်  မေ ၂၇ ရက်တွင် ပရီးမီးယားလိဂ်ကစားသမားများ ကို လူစုလူဝေးဖြင့် အသင်းလိုက်ထိတွေ့လေ့ကျင့်မှု အတွက်   ခွင့်ပြုချက်ရရှိခဲ့သည်။ 

ပရီးမီးယားလိဂ်ကစားသမားများ၊ နည်းပြအဖွဲ့ ဝင်များကို  နှစ်ကြိမ်တိုင်ဆေးစစ်မှုနှင့်  အသင်း ဝန်ထမ်းများကို  ဆေးစစ်မှုတို့တွင်  ၁၂ ဦးသာ  ရောဂါပိုးတွေ့ရှိ ခဲ့သဖြင့် ဒုတိယအဆင့်စီမံကိန်းကို   စတင်အကောင်အထည်ဖော် သည့်အနေဖြင့် ကစားသမားများ ထိတွေ့လေ့ကျင့်မှုကို ပြန်လည်ခွင့်ပြု ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပရီးမီးယားလိဂ် ရာသီလက်ကျန်ပွဲများ   ပြန်လည်စတင်နိုင်ရေး စီမံကိန်းအကောင် အထည် ပေါ်လာနိုင်ရန်နီးစပ်နေပြီး  လက်ကျန်ပွဲစဉ်ပေါင်း ၉၂ ပွဲ ပြန်လည်ကစားမည့်ရက်ကို ဇွန် ၄ ရက်အစည်းအဝေး တွင် အတည်ပြုထုတ် ပြန်မည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်အစိုးရက ရာသီလက်ကျန်ပွဲများပြန်လည်ကစားရန် ခွင့်ပြု ထားသော်လည်း     ဘေးကင်းလုံခြုံမှုရှိစေရေး တစ်ဆင့်ချင်းစီစဉ်ရန်မှာကြားထားရာ မူလက ဇွန် ၁၂ ရက်တွင် ပွဲများပြန်လည်ကစားရန် ရည်မှန်း ထားသော်လည်း  ထိုရက်တွင်  ပြန်လည်ကစား နိုင်ရန် မဖြစ်နိုင်သေးပေ။ ပရီးမီးယားလိဂ်အကြီး အကဲများသည် ဇွန် ၁၂ ရက်ထက် တစ်ပတ်သာ နောက်ကျပြီး  ရာသီပြန်စလိုသော်လည်း  ကလပ်အသင်းများက    ပြင်ဆင်ချိန်လိုအပ်သည်ဟု တောင်းဆိုထားခြင်းကြောင့် ရာသီပြန်စရန် ဇွန် ၂၆ ရက်မှ ဖြစ်လာနိုင်ကြောင်း သုံးသပ်နေကြသည်။

ပရီးမီးယားလိဂ်တာဝန်ရှိသူများသည်  ရာသီပြန်စပါက  ရုပ်သံထုတ်လွှင့်မှုစီမံကိန်းအတွက် ဆက်လက် ဆွေးနွေး နေပြီး  အကြောင်းကြောင်းကြောင့်  ရာသီပြန်လည်စတင်နိုင်ခြင်းမရှိဘဲ ဖျက် သိမ်းလိုက်ရပါက    အသင်းများ ရယူထားသော ရုပ်သံဝင်ငွေခွဲတမ်း  ပေါင်သန်း  ၃၄၀ ကို မည် သို့ပြန်ပေးမည်နည်းဆိုသည်ကိုလည်း ထည့်သွင်း ဆွေးနွေးမည်ဖြစ်သည်။             

Read 127 times