SJ WorldNews - шаблон joomla Авто

ပရီးမီးယားလိဂ်ထက်ပိုမိုဆောလျင်ပြီး စပိန်လာလီဂါပွဲစဉ်များကို ဇွန် ၁၁ ရက်တွင် ပြန်လည်စတင်မည်  

Sunday, 31 May 2020 10:40 font size decrease font size decrease font size increase font size increase font size

 

စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်က  စပိန်လာလီဂါပွဲများ ကို ဇွန်လအတွင်းပြန်ကစားရန်  ခွင့်ပြုချက် ပေးလိုက်ပြီဖြစ် သည်။  အင်္ဂလန်ပရီးမီးယားလိဂ်သည်  ဇွန် ၁၇ ရက်တွင် ပြန်လည်ကစားရန်  အတည်ပြုထုတ်ပြန်ထားရာ    လာလီဂါ သည် ထိုထက်ဆောလျင်စွာ  ရာသီပြန်စနိုင်ရန်စီစဉ်နေ ကြောင်းနှင့်  ဇွန် ၁၁ ရက်တွင်  ဆီဗီလာနှင့်ဘက်တစ်တို့၏ ဒါဘီပွဲစဉ်နှင့်  ပြန်လည်စတင်ရန်  စီစဉ်နေကြောင်း သိရ သည်။

စပိန်လာလီဂါမှ ပွဲစဉ်များကို ပြန်လည်ရေးဆွဲထားရာတွင် မွန်းလွဲပိုင်း၊ ညနေပိုင်းနှင့် ညပိုင်းများတွင်ပါ ကစားမည်ဖြစ်ပြီး ကစားသမားများသည် နွေရာသီအပူချိန်ကြောင့် တစ်ပွဲကစား ပြီးလျှင် ၇၂ နာရီကြာ အနားယူပြီးမှ ပြန်လည်ကစားရမည် ဖြစ်ရာ ၃၂ ရက် ဆက်တိုက်ပွဲစဉ်များရှိနေနိုင်ပြီး သတ်မှတ် ချက်အတိုင်းဆိုလျှင် ဇူလိုင် ၁၉ ရက်တွင် ရာသီပြီးဆုံးနိုင် မည်ဖြစ်သည်။

လာလီဂါပွဲများပြန်လည်စတင်လျှင် ဇွန်လအတွင်းကစား ရမည့်ပွဲစဉ်များအားလုံးကို ဗြိတိန်၌  ရုပ်သံ ထုတ်လွှင့်မှုကို အခမဲ့ကြည့်ရှုခွင့်ရမည်ဖြစ်ကြောင်း၊ ဇူလိုင် ၁ ရက်နောက်ပိုင်း ရာသီလက်ကျန်ပွဲ   အကုန် ကို   ဆက်လက်ကြည့်ရှုလိုလျှင် လာလီဂါနှင့်ပါတနာရုပ်သံအဖြစ်  လက်တွဲထားသော Premier Sports   ရုပ်သံလိုင်းနှင့် Premier Player App  တွင် Subscribe လုပ်ပြီး  ၅ ဒသမ ၉၉  ပေါင်ပေး သွင်းရုံဖြင့် ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း သိရသည်။

စပိန်တွင် လာလီဂါပွဲများကို  ထုတ်လွှင့်ခွင့်ရထားသော Mediapro သည် လာလီဂါပွဲများ ပြန်လည် စတင်သည်နှင့် စပိန်နိုင်ငံအတွင်း  သူနာပြုများနှင့်   အငြိမ်းစားများ၏ နေအိမ်များတွင် အခမဲ့ပြသ ပေးရန်လည်း စီစဉ်လျက်ရှိသည်။

Read 34 times