SJ WorldNews - шаблон joomla Авто

ဇွန် ၁၇ ရက်တွင် ပရီးမီးယားလိဂ်ပွဲများပြန်စတင်ပြီး ၃၉ ရက်နှင့်အပြီးကစားမည် ရာသီဖျက်ရပါက တစ်ပွဲပျမ်းမျှရမှတ်ဖြင့်ဆုံးဖြတ်ဖွယ်ရှိနေ

Sunday, 31 May 2020 10:37 font size decrease font size decrease font size increase font size increase font size

 

 

အင်္ဂလန်ပရီးမီးယားလိဂ်   ရာသီလက်ကျန် ပွဲစဉ်ပေါင်း ၉၂ ပွဲကို ဇွန် ၁၇ ရက်တွင်  ပြန် လည် စတင်မည်ဖြစ်ပြီး ၃၉ ရက်အတွင်း ရာသီ အပြီး ကစားမည်ဖြစ်ကြောင်း မေ ၂၈ ရက်က အတည်ပြု ထုတ်ပြန်ခဲ့သည်။   ပြန်လည်စတင် မည့်ရက်တွင် ကစားရမည့်ပွဲများမှာ မန်စီးတီးနှင့် အာဆင်နယ်၊   ဗီလာနှင့်ရှက်ဖီးလ်ယူနိုက်တက်တို့ပွဲစဉ်များဖြစ်ပြီး  ဇူလိုင် ၂၆ ရက်တွင် ရာသီ သိမ်းပွဲစဉ်များကို ကစားမည်ဟု အတည်ပြုထုတ် ပြန်ခဲ့သည်။

COVID-19 ရောဂါကာလအတွင်း ဆက်လက် ကစားရခြင်းဖြစ်၍ ပွဲရက်တွင် ကွင်းအတွင်း ဝင်ရောက်ခွင့်ရှိသည့် ကစားသမားစာရင်းကို အသင်းမှ အကြံ့ခိုင်ဆုံးသော ၁၅ ဦးသာဝင်ရန်  ဆုံးဖြတ်ခဲ့ သကဲ့သို့   ကွင်းပိတ်ကစားရန်လည်း ဆုံးဖြတ် ပေးခဲ့သည်။  ပွဲစဉ်များပြန်လည်ရေးဆွဲရာတွင် သောကြာ နေ ့ညနှင့် တနင်္လာနေ့ညတို့တွင် တစ်ပွဲ စီကစားမည်ဖြစ်ကာ  စနေနေ့နှင့်တနင်္ဂနွေနေ့ ညတို့တွင် လေးပွဲစီကစားမည်ဖြစ်သည်။

ဘောလုံးပွဲများ    ပြန်ကစားရန်  ဆုံးဖြတ်ခဲ့ သော်လည်း ထိုကာလအတွင်း ကြိုတင်မမြင်နိုင် သော ရောဂါ ကပ်ဆိုး နောက်ဆက်တွဲဖြစ်စဉ်များ ကြောင့် ရာသီဖျက်သိမ်းလိုက်ရပါက ဆုံးဖြတ်ရ မည့်စည်းမျဉ်းများကိုလည်း  မေ ၂၈ ရက် ပရီး မီးယားလိဂ်ရှယ်ယာရှင်များ အစည်းအဝေးပွဲ၌ ထည့်သွင်းဆုံးဖြတ်ခဲ့သည်။ ထိုသို့ဆုံးဖြတ်ရာတွင် ရာသီဖျက်သိမ်းလိုက်ရပါက အသင်းများနောက် ဆုံးရပ်တည်မှုအဆင့်ကို တစ်ပွဲပျမ်းမျှရမှတ်နှုန်း ဖြင့်တွက်ချက်ပြီး အဆင့်သတ်မှတ်ဆုံးဖြတ်မည် ဟုဆိုသည်။

ပွဲများကို ပြန်လည်ကစားရာတွင် ပုံမှန်အားဖြင့် အိမ်ကွင်း၊ အဝေးကွင်းစနစ်ကိုသာ ကျင့်သုံးမည် ဖြစ်သော်လည်း စွန့်စားမှုများနိုင်သည့်ပွဲများကို ကြားကွင်းသတ်မှတ်ကစားမည်ဖြစ်သည်။ ဥပမာ အားဖြင့် ဗိုလ်စွဲရန် ခြောက်မှတ်သာလိုတော့သည့် လီဗာပူးအသင်း၏ ချန်ပီယံအဆုံးအဖြတ်ပွဲမျိုးတွင် လူစုလူဝေးဖြင့်အောင်ပွဲခံမည်ကို  စိုးရိမ်ရသည့် အတွက်    ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ပြီး ကြားကွင်း ၌ ကစားသည်မျိုးဖြစ်လာနိုင်သည်။

 

အက်ဖ်အေဖလားပွဲများလည်း ကစားရန်ကျန် နေသေးရာ ဗိုလ်လုပွဲကို  သြဂုတ် ၁ ရက်တွင် ဝင်ဘလေကွင်း၌    ကစားရန်ဆုံးဖြတ်ခဲ့ကာ ကွာတားဖိုင်နယ်နှင့်ဆီမီးဖိုင်နယ်ပွဲများကို ပရီးမီးယားလိဂ် လက်ကျန်ရာသီချိန်အတွင်း ကစား

မည်ဟုဆိုသည်။             

 

Read 32 times