SJ WorldNews - шаблон joomla Авто

ဇွန် ၂၀ ရက်တွင် အီတလီစီးရီးအေပွဲစဉ်များ ပြန်လည်ကစားခွင့်ပြုသည်ဟု အီတလီအားကစားဝန်ကြီး အတည်ပြု

Sunday, 31 May 2020 10:42 font size decrease font size decrease font size increase font size increase font size

 

အီတလီနိုင်ငံသည် မတ် ၉ ရက်ကတည်းက တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်  Lockdown  ချခဲ့ပြီး ဘောလုံးပွဲများလည်း  သုံးလကြာရပ်နားထားရာ ယခု အီတလီအားကစားဝန်ကြီး ဗင်းဆင့်ဇို စပါဒါဖိုရာက ပွဲစဉ်များကို ဇွန် ၂၀ ရက်တွင် ပြန်လည်ကစားခွင့်ပြုလိုက်ကြောင်း  အတည်ပြု ထုတ်ပြန်ခဲ့သည်။

အီတလီတွင် မေလဆန်းပိုင်းကတည်းက အသင်းများကို ပြန်လည်လေ့ကျင့် ခွင့်ပြုထားပြီး အစိုးရက ဇွန် ၁၅ ရက်အထိ မည်သည့်အားကစားပွဲမျှ ပြန်လည် ကျင်းပခွင့်ပြုမည်မဟုတ်ဟု တားမြစ်ထားသည့် အတွက် ဇွန် ၂၀ ရက်မှ ရပ်နား ထားသောရာသီကို ပြန်လည်စတင်မည်ဟု အတည်ပြုခဲ့ခြင်းဖြစ်သည်။

စပါဒါဖိုရာသည် မေ ၂၈ ရက်က အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူ များ၊ ကစားသမားများ အစည်းအရုံးနှင့် စီးရီးအေလိဂ်မှ  တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အီတလီမှာ  ဘောလုံးပွဲ တွေလည်း ပြန်ကစား တော့မှာပါ။ အစိုးရနဲ့ ကျန်းမာရေးတာဝန်ရှိသူတွေချမှတ်ပေးထားတဲ့ လမ်းညွှန် ချက်တွေကို  လိုက်နာနိုင်ခြင်းမရှိရင်တော့ တစ်ခါပြန်ရပ်နားသွားရနိုင်တယ်။ လက်ရှိမှာ  စီးရီးအေ ချန်ပီယံရှစ်ပွဲတွေကို ဇွန် ၂၀ ရက်မှာ ပြန်လည်စတင် နိုင်တော့မှာပါ။ ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေကို ဇွန် ၁၃ ရက်နဲ့  ဇွန် ၁၇ ရက်တွေမှာ အပြီးကစားသွားဖို့အရေးကလည်း ဖြစ်လာ နိုင်ပါသေးတယ်ဟု ပြောသည်။

 

Read 41 times