SJ WorldNews - шаблон joomla Авто

လီဗာပူးနှင့်ချန်ပီယံဆုထိုက်တန်သည်ဟုဆိုကာ ဝေးလ်အသင်းတွင် လီဗာပူးကစားဟန်သုံးမည်ဟု ဂစ်ဆို

Sunday, 31 May 2020 10:45 font size decrease font size decrease font size increase font size increase font size

မန်ယူအသင်းတွင် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အထိ  ပွဲပေါင်း ၉၆၃ ပွဲကစားပေးခဲ့သည့် ဂန္ထဝင်ကစားသမား ရိုင်ယန်ဂစ်က ယခုရာသီတွင် လီဗာပူးအသင်းသည်   မည်သို့ပင်ဖြစ်စေကာမူ ချန်ပီယံဆုနှင့်ထိုက်တန်သည်ဟု   ချီးကျူးသွားခဲ့သည်။  အသက် ၄၆ နှစ်ရှိပြီဖြစ်သော ရွိုင်ယန်ဂစ်သည်  နည်းပြကြီးဖာဂူဆန်လက်အောက်တွင်  နည်းစနစ်

များစွာကို လေ့လာနိုင်ခဲ့သကဲ့သို့ မန်ယူတွင် ဗန်ဟားလက်ထက်က လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သော်လည်း  လက်ရှိနည်းပြနေသော  ဝေးလ်လက်ရွေးစင်အသင်း၌   လီဗာပူးနည်းပြ  ဂျာဂန်ကလော့၏ နည်းစနစ်နှင့် ကစားဟန်ကိုအသုံးပြု မည်ဖြစ်ကြောင်း ပြောသည်။

ရွိုင်ယန်ဂစ်က COVID-19 ရောဂါအခြေ အနေကြောင့် ဘောလုံးရာသီက ခဏနားသွားခဲ့ တယ်။ ဒါပေမဲ့  ဖြေရမယ့်မေးခွန်းတွေကတော့ အများကြီးကျန်ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် လီဗာပူး အသင်းရဲ့ ဒီရာသီစွမ်းဆောင်ရည်ကတော့ အံ့သြ ဘနန်းပါပဲ။   ဒီအသင်းကို  နည်းပြလုပ်တဲ့ ဂျာဂန် ကလော့ကလည်း  တကယ်တော်တဲ့  နည်းပြပါ။ မန်ယူအသင်းပရိသတ်တစ်ဦးအနေနဲ့ ဒီလိုပြော ရတာ နာကျင်ရပါတယ်။ ဒါပေမဲ့ တကယ်လည်း သူတို့အသင်းကကောင်းတယ်။ တကယ့်ကို ကြည့်လို့ ကောင်းအောင်ကစားနိုင်တဲ့အသင်းမျိုးပါဟု ပြောသည်။                       

Read 168 times