SJ WorldNews - шаблон joomla Авто

တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၄ လူငယ်လိဂ်ပြိုင်ပွဲကို အသင်းပေါင်း ၂၄ သင်းဖြင့် ကျင်းပရန်စီစဉ်

Monday, 29 June 2020 09:15 font size decrease font size decrease font size increase font size increase font size

တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများ ပါဝင်မည့်    အသက် ၁၄ နှစ်အောက် လူငယ်လိဂ်ပြိုင်ပွဲကို အသင်းပေါင်း ၂၄ သင်းဖြင့်  ကျင်းပရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၄ လူငယ်လိဂ်ကို လာမည့် စက်တင်ဘာလအတွင်း ကျင်းပမည်ဖြစ်ပြီး  အသင်းပေါင်း ၂၄ သင်းကို  ဇုန်လေးခုခွဲ၍  အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့်   ကျင်းပရန်လျာထားသည်။   အဆိုပါပြိုင်ပွဲကို   မျိုးဆက်သစ် လူငယ်ကစားသမားများ ထွက်ပေါ်လာစေရန်  ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ထံမှ  ခွင့်ပြုချက်ရရှိပြီး ဖြစ်ကြောင်း သိရသည်။

လူငယ်ဘောလုံး  ဖွံ့ဖြိုးရေးအတွက် တိုင်းဒေသကြီးနဲ့ပြည်နယ် ယူ-၁၄ လိဂ်ကို ကျင်းပတာပါ။ အသင်းက ၂၄ သင်းဆိုပေမယ့် ဇုန်လေးခုခွဲပါမယ်။ ဇုန်တစ်ခုကို ခြောက်သင်းစီပါမယ်။။ အိမ်ကွင်း၊ အဝေးကွင်းပုံစံကစားရမှာပါ။ ပွဲကို စက်တင်ဘာလလောက်မှာ စနိုင်ဖို့လျာထားပြီး ပွဲပေါင်း ၁၈၀  ဝန်းကျင်ကစားမှာပါ။ ပြိုင်ပွဲကျင်းပချိန်ကာလ အနည်းဆုံး  ငါးလ၊  ခြောက်လလောက် ကြာမြင့်နိုင်ပါတယ်။ ပြိုင်ပွဲအသေးစိတ်ရေးဆွဲပြီးရင် သတင်းထုတ်ပြန်ပေးပါမယ် ဟု ၎င်းကပြောသည်။

ယခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ယူ-၁၄ လူငယ်လိဂ်ပြိုင်ပွဲမှ အလားအလာ ရှိသည့် လူငယ်ကစားသမားများကို သက်တမ်းအလိုက် လက်ရွေးစင်အသင်းများတွင် ရွေးချယ်ရန်  စီစဉ်ထားကြောင်း၊   MFF  သည် ယခုနှစ်တွင် စီနီယာ လိဂ်-၁၊  လိဂ်-၂ အပြင် ယူ-၂၁ နှင့် ယူ-၁၉ လူငယ်လိဂ်ပြိုင်ပွဲများကိုလည်း မြန်မာနေရှင်နယ်လိဂ် ကော်မတီနှင့်  ပူးပေါင်း ကျင်းပလျက်ရှိကြောင်း သိရသည်။                

ကိုရဲ

Read 25 times Last modified on Monday, 29 June 2020 09:16