SJ WorldNews - шаблон joomla Авто

ဆယ်လ်တာဗီဂိုနှင့် သရေကျသော ပွဲအပြီး ဘာစီလိုနာကစားသမားများနှင့် နည်းပြဆီတီယန်တို့ အချင်းများ

Tuesday, 30 June 2020 09:41 font size decrease font size decrease font size increase font size increase font size

ဘာစီလိုနာအသင်းသည် ဇွန် ၂၇ ရက်ညက တန်းဆင်းဇုန်မှလွတ်ရန် ရုန်းကန်နေရသော ဆယ်လ်တာဗီဂိုနှင့် အဝေးကွင်းပွဲတွင် ဆွာရက်ဇ် နှစ်ကြိမ်တိုင် ဦးဆောင်ဂိုးများ သွင်းနိုင်ခဲ့သည့်ကြားမှ ချေပဂိုးနှစ်ဂိုးပြန်ပေးလိုက်ရပြီး သရေသာ ကစားနိုင်ခဲ့သည့်အတွက် အသင်းသားများ နည်းပြဆီတီယန်အပေါ် ဒေါသထွက်ကာ ပွဲအပြီးအဝတ်လဲခန်းထဲ၌ အချင်းများခဲ့သည်။

ဘာစီလိုနာအသင်းသည် နောက်ဆုံး အဝေးကွင်းခြောက်ပွဲတွင် နှစ်ပွဲသာအနိုင်ရကာ ဆယ်လ်တာဗီဂိုကို သရေသာကစားနိုင်သည့်အတွက် ဇွန် ၂၈ ရက်ညက ရီးယဲလ်သည် အက်စ်ပန်ညိုကို ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသွားခြင်းကြောင့်  ရီးယဲလ်သည်  ရာသီသိမ်းရန် ခြောက်ပွဲအလိုတွင်  ဘာစီလိုနာထက် နှစ်မှတ်အသာရပြီး ဇယားထိပ်ဆုံးမှ ဦးဆောင် နိုင်ခဲ့သည်။

ဘာစီလိုနာ ကစားသမားများသည်  နည်းပြဆီတီယန်၏ လူစားလဲမှုနှင့် နည်းဗျူဟာများအပေါ် မကျေနပ်သဖြင့် ပွဲအပြီး အချင်းများခဲ့ခြင်း ဖြစ်သည်ဟု   မာကာသတင်းစာက ဖော်ပြခဲ့သည်။ ထိုပွဲတွင် ဆီတီယန်သည် လူငယ်ကစားသမား ရီကွီပိုက်ဂ်ကို ပွဲပြီးရန် လေးမိနစ်အလိုရောက်မှ  အာသာမယ်လိုနှင့်လူစားလဲခဲ့ခြင်း၊  နှစ်ဂိုးသွင်းကာ ခြေစွမ်းပြနေသည့် ဆွာရက်ဇ်ကို ပွဲပြီးရန် ၁၀ မိနစ်အလိုတွင် ခြေစွမ်းပျောက်နေသည့် ဂရစ်ဇ်မန်းနှင့်  လူစားလဲခဲ့ခြင်းများကြောင့်   ဒေါသထွက်ပြီး နည်းပြနှင့် အချင်းများခဲ့ကြခြင်းဖြစ်သည်။ ယခင်နည်းပြဗယ်လ် ဗာဒီလက်ထက်ကလည်း အဝေးကွင်းရလဒ်များ ဆိုးရွားလာခြင်းကြောင့် ဆီတီယန်နှင့် လဲခဲ့ရခြင်းဖြစ်ပြီး  ဆီတီယန်လည်း ရာသီကုန်တွင် ထုတ်ပယ်ခံရရန် ရှိနေသည်။

ပွဲအပြီးတွင် ဆွာရက်ဇ်က နည်းပြတွေကိုထားရှိခြင်းက    ပွဲအခြေအနေကို သုံးသပ်ဖို့အတွက် ဖြစ်တယ်။ ကျွန်တော်တို့က ကွင်းထဲမှာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ဖို့ပဲ ကြိုးစားရတယ်။ အခုအသင်းက အရင်ရာသီတွေ လိုမဟုတ်ဘဲ အဝေးကွင်းတွေမှာ အရေးပါတဲ့ ရမှတ်တွေကို ဆုံးရှုံးနေရတယ်ဟု ပြောသည်။

Ref:Marca

Read 12 times Last modified on Tuesday, 30 June 2020 09:42