SJ WorldNews - шаблон joomla Авто

ချယ်လ်ဆီးကို နည်းပြသည့်ကာလတစ်လျှောက် ယခုပွဲက အညံ့ဆုံးခြေစွမ်းဟု လမ်းပတ်ဆို အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တွင် မန်ယူနှင့်ချယ်လ်ဆီး အာဆင်နယ်နှင့် မန်စီးတီးတွေ့ဆုံ

Tuesday, 30 June 2020 09:42 font size decrease font size decrease font size increase font size increase font size

ချယ်လ်ဆီးအသင်းသည်  ဇွန် ၂၈ ရက်ညက ကင်းပါဝါကွင်း၌ ယှဉ်ပြိုင်ကစားသော လက်စတာနှင့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရကာ  ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း    ချယ်လ်ဆီးနည်းပြ လမ်းပတ်က   အသင်းကို နည်းပြသည့်ကာလတစ်လျှောက် ထိုပွဲပထမပိုင်းကစားပုံမှာ အဆိုးရွား ဆုံးဖြစ်သည်ဟု ပြောသည်။

ထိုပွဲတွင်  ချယ်လ်ဆီးအသင်း၏ ပထမပိုင်းခြေစွမ်းမှာ ဆိုးရွားခဲ့သည့်အတွက် ဒုတိယပိုင်းတွင် ကစားသမားသုံးဦးအထိ  လူစားလဲမှု ပြုလုပ်ခဲ့ပြီး  တစ်သင်းလုံးကိုပင်   လူစားလဲပစ်ချင်စိတ်ဖြစ်ခဲ့ကြောင်းနှင့် ကံကောင်းပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်ဟု လမ်းပတ်ကပြောသည်။ လမ်းပတ်သည် ပထမပိုင်းအပြီးမှာပင်  ရီဆီဂျိမ်းစ်၊  မေဆင်မောင့်နှင့် ဘီလီဂီလ်မော်တို့ သုံးဦးစလုံးကို    လူစားလဲပြီး လူစားဝင်ကစားစေခဲ့သော ရော့စ်ဘာကလေက အဖိုးတန်အနိုင်ဂိုးကို သွင်းပေးခဲ့ခြင်း ဖြစ်သည်။

ပွဲအပြီး အင်တာဗျူး အစီအစဉ်တွင် လမ်းပတ်က  ကျွန်တော်  ဒီအသင်းကိုရောက်ကတည်း က ဒီလောက်ခြေစွမ်းညံ့တဲ့ ပွဲမျိုး မရှိဖူးဘူး။  ဒီပွဲ ထက်ပိုကောင်းအောင် ကစားနိုင်ပြီး ရှုံးခဲ့တဲ့ပွဲတွေလည်း ရှိတယ်။ ကံကောင်းတာက ပြိုင်ဘက်က အခွင့်အရေးတွေကို   အသုံးချမသွားနိုင်တာပဲ။ လူစားဝင်တဲ့ ကစားသမားတွေကြောင့် ပွဲကအလှည့်အပြောင်း ဖြစ်ပြီး နိုင်ခဲ့တယ် ဆိုပေမယ့်  ခြေစွမ်းကတော့ မကောင်းခဲ့ဘူး။ ကျွန်တော်တို့ ဒီထက်ပိုပြီး ကောင်းအောင်ကစားသင့်တယ်။    ပထမပိုင်းမှာ ခြေစွမ်းမကောင်းခဲ့ဘဲ    ဒုတိယပိုင်းမှာလည်း တစ်ခဏလောက်ပဲ ကောင်းခဲ့တယ်။  ဘာပဲဖြစ်ဖြစ် ဝင်ဘလေကွင်းမှာကစားရမယ့် ဆီမီးဖိုင်နယ်ကို တက်သွားလို့ ပျော်ရွှင်ရပါတယ် ဟု ပြောသည်။

တခြားကွာတား ဖိုင်နယ်ပွဲတွင် မန်စီးတီးအသင်း သည် နယူးကာဆယ်ကို ဒီဘရိုင်း၏ ပယ်နယ်တီ၊ စတာလင်း၏ သွင်းဂိုးများကြောင့် နှစ်ဂိုးပြတ်အနိုင်ရရှိပြီး  ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် မန်ယူနှင့်ချယ်လ်ဆီး၊ အာဆင်နယ်နှင့်  မန်စီးတီးတို့ ထိပ်တိုက်တွေ့ဆုံနေသည်။ အဆိုပါ ဆီမီးဖိုင်နယ်ပွဲများကို ဇူလိုင် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင်  ဝင်ဘလေကွင်း၌ ပရိသတ်မပါဝင်ဘဲ    ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။     

Ref:Dailymail

Read 15 times Last modified on Tuesday, 30 June 2020 09:43