SJ WorldNews - шаблон joomla Авто

အက်ဖ်အေဖလား ရခဲ့လျှင် ရီးယဲလ်နှင့် ချန်ပီယံလိဂ်ပွဲအတွက် ပြီးပြည့်စုံသော ပြင်ဆင်မှု ဖြစ်မည်ဟု နည်းပြ ဂွါဒီယိုလာ ယုံကြည်

Tuesday, 30 June 2020 09:43 font size decrease font size decrease font size increase font size increase font size

မန်စီးတီးအသင်း နယူးကာဆယ်ကို အနိုင်ရရှိပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားနိုင်ပြီးနောက် နည်းပြ ဂွါဒီယိုလာက မိမိကစားသမားများကို အက်ဖ်အေဖလားရခဲ့လျှင်    ရီးယဲလ်နှင့်ချန်ပီယံလိဂ်ပွဲအတွက်   ပြီးပြည့်စုံသော ပြင်ဆင်မှု ဖြစ်လာလိမ့်မည်ဟု  တိုက်တွန်းပြောသည်။   မန်စီးတီးအသင်းသည်  အက်ဖ်အေဖလားတွင်  ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သကဲ့သို့ ချန်ပီယံလိဂ်တွင်လည်း ၁၆ သင်းအဆင့် ပထမအကျော့ပွဲ၌ ရီးယဲလ်ကို အဝေးကွင်းတွင် ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရထားသည်။

ဂွါဒီယိုလာက  အခု နယူးကာဆယ်ကို နိုင်ခဲ့လို့ ဝမ်းမြောက်ရပါတယ်။ ဆီမီးဖိုင်နယ်မှာ အာဆင်နယ်နဲ့ရင်ဆိုင်တွေ့လို့  လန်ဒန်ကို  နောက်တစ်ခေါက်သွား ကစားရပါဦးမယ်။  ကျွန်တော်တို့  ဗိုလ်လုပွဲရောက်ပြီး ဗိုလ်စွဲနိုင်ဖို့ ထပ်ကြိုးစား ရဦးမှာပါ။ အက်ဖ်အေဖလားက အရေးပါတဲ့ ဖလားဖြစ်လို့ ဒီဖလားရလိုက်ရင် အပိုဆုရတာပါပဲ။ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့် သေချာရေး အတွက်က နောက်ထပ်နှစ်ပွဲနိုင်ဖို့ လိုသေးတယ်။  ကျွန်တော်တို့မှာ ဗိုလ်စွဲနိုင်မယ့် ပြိုင်ပွဲနှစ်ရပ် ကျန်နေသေးတယ်။ အက်ဖ်အေဖလား ရခဲ့မယ်ဆိုရင် ဒါက ရီးယဲလ်နဲ့ ပွဲအတွက် ပြီးပြည့်စုံတဲ့ ပြင်ဆင်မှု၊ အကောင်းဆုံးပြင်ဆင်မှု ဖြစ်လာမှာပါ ဟု ပြောသည်။ နယူးကာဆယ်နှင့်ပွဲတွင် ပယ်နယ်တီရရှိခဲ့မှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ရှိနေရာ ဂွါဒီယိုလာက  ကျွန်တော်  ဒီဖြစ်စဉ်ကို  အနှေးပြကွက် ပြန်မကြည့်ရသေးဘူး ဟု ပြောသည်။                          

Ref:Dailymail

Read 15 times Last modified on Tuesday, 30 June 2020 09:43