SJ WorldNews - шаблон joomla Авто

လျာထားသည့် ကာလတွင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပြန်လည်ကျင်းပရန် အခက်ကြုံဖွယ်ရှိနေ

Tuesday, 30 June 2020 09:44 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေး  ညွှန်ကြားချက်များ  ထပ်မံသက်တမ်းတိုးမြှင့်လိုက်သဖြင့်   မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများကို မူလလျာထားသည့် ဇူလိုင် ၁၆ ရက်တွင် ပြန်လည်ကျင်းပနိုင်ရန် အခက်ကြုံဖွယ် ရှိနေကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ မီဒီယာတာဝန်ခံ ဦးရဲမင်းဝင်းက ပြောသည်။

ဒီလိုသက်တမ်းတိုးလိုက်တဲ့အတွက် မြန်မာနေရှင်နယ်လိဂ်  ပြန်လည်ကျင်းပဖို့ အခက်တွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနေရှင်နယ်လိဂ် မကျင်းပခင် သုံးပတ်အလိုလောက်  သက်ဆိုင်ရာ ကလပ်တွေကို အကြောင်းကြားရတာပါ။ အခုညွှန်ကြားချက် အရဆိုရင် အသင်းတွေလည်း လေ့ကျင့်ဖို့ ခက်နိုင်သလို လိဂ်ပြိုင်ပွဲ ပြန်လည် ကျင်းပဖို့လည်း ခက်နိုင်ပါတယ်။ ဒီရက်ပိုင်းအတွင်းတော့ အစည်းအဝေး ထပ်လုပ်ပြီး ဆုံးဖြတ်ပါမယ် ဟု ဦးရဲမင်းဝင်းက ပြောသည်။      

မူလက   သက်ဆိုင်ရာဝန်ကြီးဌာန၏  ခွင့်ပြုချက်ရရှိပါက မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများကို ဇူလိုင် ၁၆ ရက်တွင် ပြန်လည်ကျင်းပရန် လျာထားသော်လည်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေး ညွှန်ကြားချက်မှာ ဇူလိုင် ၁၅ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်သဖြင့်   မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များ ပြန်လည်ကျင်းပရန်  အခက်ကြုံဖွယ်ရှိပြီး  ယင်းကိစ္စနှင့် ပတ်သက်၍  ရက်ပိုင်းအတွင်း  အစည်းအဝေး ပြုလုပ်မည် ဖြစ်သည်။        

ကိုရဲ

Read 20 times Last modified on Tuesday, 30 June 2020 09:44