SJ WorldNews - шаблон joomla Авто

အနာဂတ်တွင် အမျိုးသမီးဘောလုံး အကယ်ဒမီ ဖွင့်လှစ်ရန် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စီစဉ်

Tuesday, 30 June 2020 09:44 font size decrease font size decrease font size increase font size increase font size

အနာဂတ်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးကစားသမားများ မွေးထုတ်ပေးနိုင်မည့် အမျိုးသမီးဘောလုံး အကယ်ဒမီ ဖွင့်လှစ်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်  (MFF)  မှ တာဝန်ရှိသူတစ်ဦးကပြောသည်။                 

ဇွန် ၂၅ ရက်က ပြုလုပ်သည့် MFF အလုပ်အမှုဆောင်  အစည်းအဝေးတွင် အမျိုးသမီးဘောလုံးအကယ်ဒမီ  ဖွင့်လှစ်မည့်ကိစ္စနှင့် ပတ်သက်၍ MFF ဥက္ကဋ္ဌဦးဇော်ဇော်နှင့် တာဝန်ရှိသူများ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

MFF ဥက္ကဋ္ဌက အမျိုးသမီးဘောလုံးအဆင့်အတန်း တိုးတက်ဖို့နဲ့ အမျိုးသမီးဘောလုံး ကစားသမားကောင်းတွေ  ထွက်ပေါ်လာစေဖို့အတွက် အနာဂတ်မှာ အမျိုးသမီးဘောလုံးအကယ်ဒမီ  ဖွင့်လှစ်နိုင်ဖို့  စီစဉ်နေတယ်။ ဘယ်နှစ်မှာ စဖွင့်နိုင်မလဲဆိုတာ အတိအကျ မပြောနိုင်သေးဘူ။ ဒါပေမဲ့ အမြန်ဆုံး စတင်နိုင်အောင် ကြိုးစားနေပါတယ်။ လက်ရှိ အ.ထ.က (၁) လမ်းမတော်မှာ MFF နဲ့ပူးပေါင်းပြီး ဆီမီးအကယ်ဒမီပုံစံမျိုး လုပ်ထားတာရှိပါတယ်ဟု ၎င်းကပြောသည်။

အ.ထ.က (၁) လမ်းမတော်၌ ပညာရေးဝန်ကြီးဌာနနှင့် MFF တို့ပူးပေါင်း၍ ၂၀၁၀  ပြည့်နှစ်ကတည်းက  စတင်ကာ ဆီမီးအကယ်ဒမီကဲ့သို့  ဘောလုံးသင်တန်း ဖွင့်လှစ်ထားသည်။

အဆိုပါ ဘောလုံးသင်တန်းသို့ တက်ရောက်သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများသည် ဘောလုံးအကယ်ဒမီ နည်းစနစ်များအတိုင်း ကျောင်းချိန်လွတ်သည့် နံနက်နှင့်ညနေပိုင်းများတွင် ဘောလုံးနည်းစနစ်များ သင်ယူနေခြင်းဖြစ်ပြီး လက်ရှိတွင် သင်တန်းကို ယာယီပိတ်ထားသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတွင်  လက်ရွေးစင်ကစားသမားအဖြစ် ကစားနေသည့်  မြတ်နိုးခင်၊ ဖြူဖြူဝင်း၊  ဇွန်ယုယဦး၊  ဂျူလိုင်ကျော်တို့သည် အ.ထ.က(၁) လမ်းမတော်မှ ပေါ်ထွက်လာသည့် ကစားသမားများဖြစ်သည်။

MFF သည် လက်ရှိတွင် ရန်ကုန်၊ မန္တလေးနှင့်  ပုသိမ်မြို့တို့၌ အမျိုးသား ဘောလုံးအကယ်ဒမီများ  ဖွင့်လှစ်ထားကာ   ပညာရေးနှင့် ဘောလုံးအားကစား တွဲဖက် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။                            

ကိုရဲ

Read 20 times Last modified on Tuesday, 30 June 2020 09:45