SJ WorldNews - шаблон joomla Авто

ကျောင်းပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

Thursday, 10 August 2017 09:53 font size decrease font size decrease font size increase font size increase font size

မြိတ်  သြဂုတ် 

အားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် Township Sports Development Programအရ ကျင်းပသော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြိတ်ခရိုင်အားကစားခန်းမ၌   ကျင်းပကြောင်း သိရသည်။

 

ဗိုလ်လုပွဲတွင် မြိတ်မြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အသင်းနှင့် ကျွဲကူးတပ်နယ်အခြေခံပညာ အထက်တန်းကျောင်း အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  ကျွဲကူးတပ်နယ်အခြေခံပညာ အထက်တန်းကျောင်းအသင်းက အနိုင်ရရှိသည်။

 

ဆက်လက်၍ ဆုပေးပွဲကျင်းပရာ တံခွန်စိုက်ဆုဖလား ရရှိသော ကျွဲကူးတပ်နယ် အခြေခံပညာ အထက်တန်းကျောင်းအသင်းကို မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက လည်းကောင်း၊   လည်ဆွဲဆု၊ ငွေသားဆုများနှင့်  ဒုတိယဆုရရှိသော မြိတ်မြို့  အမှတ်(၁)  အခြေခံပညာ အထက်တန်းကျောင်းအသင်းကို  တာဝန်ရှိသူများက လည်းကောင်း    ဆုများ    အသီးသီး ပေးအပ်ကြသည်။

 

အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ခြောက်သင်း  အားကစားသမား ၆ဝ ဦးဖြင့် သြဂုတ် ၅ ရက်မှ ၉ ရက်အထိ  ကျင်းပကြောင်း သိရသည်။

 

 

Read 492 times Last modified on Thursday, 10 August 2017 09:55