SJ WorldNews - шаблон joomla Авто

ဈေးကွက်ပိတ်ရန် ရက်ပိုင်းသာလိုချိန် ပရီးမီးယားလိဂ် အသုံးစရိတ် ပေါင်တစ်ဘီလီယံကျော်

Thursday, 10 August 2017 10:11 font size decrease font size decrease font size increase font size increase font size

လန်ဒန်     သြဂုတ်     

ပရီးမီးယားလိဂ်အသင်းများ၏ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် အသုံးစရိတ်သည် ဈေးကွက်ပိတ်သိမ်းရန် ၂၂ ရက်သာလိုနေချိန်တွင် ပေါင် တစ်ဘီလီယံ ကျော်သွားပြီဖြစ်ကြောင်း သိရသည်။

ဝက်ဖို့ဒ်အသင်းက ရီချာလစ်ဆန်ကို ပေါင် ၁၁ ဒသမ ၂ သန်းဖြင့် ခေါ်ယူမှုကို နောက်ဆုံးထား စာရင်းချုပ်လျှင်ပင် ပရီးမီးယားလိဂ်အသင်း ၂ဝ အနက် အသင်း ၁၈ သင်း၏ အသုံးစရိတ်သည် ပေါင်တစ်ဘီလီယံကျော် ရှိပြီဖြစ်သည်။

ငွေသုံးအများဆုံးအသင်းများထဲတွင် မန်စီးတီးက ထိပ်ဆုံးမှရှိနေပြီး ကီလီဝေါ်လ်ကာ၊ မန်ဒီ၊ ဒါနီလိုအပါအဝင် ကစားသမားသစ်များ ခေါ်ယူမှုအတွက် ပေါင် ၂၁၈ သန်း အသုံးပြုထားသည်။ မန်ယူအသင်း အသုံးစရိတ်သည်  ပေါင်သန်း ၁၅ဝ နီးပါးရှိနေပြီး ချယ်လ်ဆီးက ပေါင်သန်း ၁၃ဝ အသုံးပြုထားသည်။

ငွေကြေးမသုံးသေးသည့်အသင်း နှစ်သင်းသာရှိပြီး စပါးနှင့်စတုတ်အသင်းတို့ ဖြစ်ကာ အသားတင်ငွေသုံးထားခြင်း မရှိသေးသော တခြားအသင်းလေးသင်းမှာ ဟတ်ဒါးဖီးလ်၊ ဘုန်းမောက်၊ ဘရိုက်တန်နှင့် ဝက်စ်ဘရွန်းတို့ဖြစ်ပြီး  ကစားသမားသစ်များ မဝယ်မီ အသင်းမှ မလိုအပ်သော ကစားသမားများကို ထွက်ခွာစေရန် ဦးစွာစီစဉ်နေကြခြင်းသာ ဖြစ်သည်။

အကယ်၍ လက်ကျန် ၂၂ ရက်တွင် ပရီးမီးယားလိဂ် အသင်းများ အသုံးစရိတ် ပေါင် ၁၁၈ သန်း အသုံးပြုခဲ့ပါက အသုံးစရိတ်စံချိန်သစ် တင်မည့် အပြောင်းအရွှေ့ ဈေးကွက်ဖြစ်လာနိုင်သည်။       

Read 576 times Last modified on Thursday, 10 August 2017 10:12