SJ WorldNews - шаблон joomla Авто

ကမ္ဘာ့လက်ဝှေ့ စူပါစီးရီး ကွာတားပွဲတွင် ခရစ်အူဘန့်နှင့် ယီလ်ဒီရင်တို့ယှဉ်ပြိုင်မည်

Thursday, 10 August 2017 10:18 font size decrease font size decrease font size increase font size increase font size

လန်ဒန်သြဂုတ် ၉

ဗြိတိန် နာမည်ကြီး လက်ဝှေ့ကျော် ခရစ်အူဘန့်ဂျူနီ ယာသည် အောက်တိုဘာ ၇ ရက်တွင် ကမ္ဘာ့လက်ဝှေ့ စူပါစီး ရီးပွဲစဉ်  ကွာတားဖိုင်နယ်ပွဲအဖြစ်  ပြိုင်ဘက်  အက်ဗနီယီလ်ဒီ ရင်နှင့်  ယှဉ်ပြိုင်မည်ဟု အတည်ပြု ထုတ်ပြန်သည်။

ခရစ်အူဘန့်သည် ပြီးခဲ့သည့် ဇူလိုင်လတွင်  ဝင်ဘလေကွင်း၌  အာသာအဘရာဟမ်နှင့် ယှဉ်ပြိုင်ခဲ့ရာ  အနိုင်ရခဲ့သည်။ ထို့ကြောင့် အသက် ၂၇ နှစ်ရှိပြီဖြစ်သော ခရစ်အူဘန့်ဂျူနီယာ   သည်ဂျော့ခ်ျဂရုဗ်၊ ဂျင်မီ ကော့၊ ကယ်လမ်စမစ် တို့နှင့်အတူ ကွာတား ဖိုင်နယ်တက်ရောက် နိုင်သော  လက်ဝှေ့သမား ရှစ်ဦးစာရင်း ဝင်ခဲ့ခြင်းဖြစ်သည်။

ခရစ်အူဘန့်ဂျူနီယာသည် ပြည်ပတွင် တစ်ကြိမ်သာ ယှဉ်ပြိုင်ဖူးပြီး ပရော်ဖက်ရှင်နယ်အဖြစ် ခြောက်ပွဲ မြောက်ယှဉ်ပြိုင်သည့်ပွဲ၌ ဒိန်းမတ်မြေတွင် အနိုင်ရရှိခဲ့ဖူးသည်။

ထို့ကြောင့် ဂျာမနီနိုင်ငံ စတုဂတ်မြို့၌ ယှဉ်ပြိုင်မည့် ယီလ်ဒီရင်နှင့်ပွဲ၌  အခက်အခဲမရှိ ယှဉ်ပြိုင်နိုင်မည်ဟု ကြုံးဝါးသွားသည်။  

Read 541 times Last modified on Thursday, 10 August 2017 10:19