SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ချန်ပီယံရှစ် မီတာ ၄ဝဝ ပြေးပွဲတွင် ဗန်နီကက်ခ် ဗိုလ်စွဲ

Thursday, 10 August 2017 10:21 font size decrease font size decrease font size increase font size increase font size

လန်ဒန်     သြဂုတ်     

လန်ဒန်၌ ယမန်နေ့က ယှဉ်ပြိုင်သော ကမ္ဘာ့ချန်ပီယံရှစ် မီတာ ၄ဝဝ အပြေးပြိုင်ပွဲ၌ လက်ရှိ အိုလံပစ်ချန်ပီယံနှင့် ကမ္ဘာ့စံချိန်ရှင် တောင်အာဖရိကသား ဝေဒီဗန်ဒီကက်ခ်က စံချိန် ၄၃ ဒသမ ၉၈ စက္ကန့်ဖြင့်  ထိပ်ဆုံးမှ ပန်းဝင်ကာ ရွှေတံဆိပ်ဆုကို ကာကွယ်သွားနိုင်ခဲ့သည်။

သို့သော် ထိုပွဲတွင် ဗန်နီကက်ခ်သည် ပြေးလမ်း (၆) မှပြေးခဲ့ပြီး ပြေးလမ်း (၇)တွင် ပြေးရမည့် အဓိကပြိုင်ဘက် ဘော့ဆွာနာအပြေးသမား မက်ခ်ဝါလာမှာ  ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။ မက်ခ်ဝါလာသည် ဗန်နီကက်ခ်ကို အကောင်းဆုံး ယှဉ်ပြိုင်အန်တုနိုင်သည့် အဓိက ပြိုင်ဘက်ဖြစ်သော်လည်း နိုင်ငံတကာ ပြေးခုန်ပစ် အဖွဲ့ချုပ်သည် ပြိုင်ပွဲမတိုင်မီ တစ်ရက်က   ကွင်းအတွင်း အန်နေခဲ့ပြီး ဆေးစစ်မှုခံယူရာတွင် အစာအိမ်အတွင်း ကူးစက်ရောဂါပိုး တစ်မျိုးရှိနေကြောင်းတွေ့ရှိရကာ ထိုဗိုင်းရပ်စ်သည် ကူးစက်နိုင်သည်ဟု ဆုံးဖြတ်ပြီး ၎င်းကို ယှဉ်ပြိုင်ခွင့်မပေးရုံသာမက  ပြိုင်ပွဲကျင်းပရာ ကွင်းအတွင်းပင်  ပေးမဝင်ခြင်းကြောင့်  ဝေဖန်မှုများစွာရှိလာရသည်။

မက်ခ်ဝါလာက မိမိယှဉ်ပြိုင်နိုင်ပါလျက် ကွင်းအတွင်းပင် ဝင်ခွင့်မပေးခြင်းမှာ တာဝန်ရှိသူများသည် တောင်အာဖရိကအသင်းကို ဆုအများဆုံးရစေရန် အားပေးထောက်ခံခြင်းကြောင့် ဖြစ်နိုင်ကြောင်းနှင့် ယခုလုပ်ရပ်မှာ မိမိကို ပြန်ပေးဆွဲခံရသကဲ့သို့ ခံစားရကြောင်း ဝေဖန်သွားသည်။

ယနေ့နံနက်ပိုင်းအထိ ကမ္ဘာ့ချန်ပီယံရှစ်ပြေးခုန်ပစ်ပြိုင်ပွဲ၌ ကင်ညာနိုင်ငံအသင်းသည် ဆုတံဆိပ်အများဆုံးအဖြစ် ရွှေသုံး၊ ငွေတစ်နှင့် ကြေးသုံး စုစုပေါင်း ခုနစ်ဆုဖြင့်ထိပ်ဆုံးက ရပ်တည်နေသည်။ ၎င်းနောက်တွင်  အမေရိကန်၊ တောင်အာဖရိကနှင့် အီသီယိုးပီးယားတို့  အစဉ်လိုက် ရပ်တည်နေသည်။                                    

Read 484 times Last modified on Thursday, 10 August 2017 10:22