SJ WorldNews - шаблон joomla Авто

ဒဏ်ရာရ ကစားသမား ကိစ္စအတွက် ကွန်တီကဲ့သို့ ငိုမနေဟု မော်ရင်ဟိုဆို နည်းပြ အချင်းချင်း လေးစားမှု ရှိသင့်ဟု ကွန်တီဘက်မှ တုံ့ပြန်

Sunday, 05 November 2017 10:22 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ နိုဝင်ဘာ ၎

မန်ယူနည်းပြ မော်ရင်ဟိုသည် ချယ်လ်ဆီးနည်းပြ ကွန်တီကဲ့သို့ ကစားသမားများ ဒဏ်ရာရခြင်းနှင့် ပတ်သက်ပြီး အမြဲတမ်း ငိုယို ညည်းညူနေသူ ဟု မကြာခဏ ဝေဖန်ခဲ့သကဲ့သို့ နိုဝင်ဘာ ၅ ရက်ည နှစ်သင်း ထိပ်တိုက်

တွေ့ဆုံသည့် ပွဲမတိုင်မီ ကွန်တီကို ဒဏ်ရာနှင့် ပတ်သက်ပြီး ငိုယိုနေသူဟု ထပ်မံတိုက်ခိုက် စကားဆိုခဲ့သည်။ မိမိတို့နှင့် ကစားရမည့်ပွဲတွင် ချယ်လ်ဆီး အဓိက ကွင်းလယ် ကစားသမား ကန်တီ ဒဏ်ရာသက်သာပြီး ပြန်လည်ကစားနိုင်ဖွယ် ရှိနေသကဲ့သို့ မိုရာတာနှင့် မော့ဆက်တို့လည်း ဒဏ်ရာ ပျောက်ကင်းပြီး ပြန်ကစားနိုင်သည့် အခြေအနေ ရှိနေရာ မော်ရင်ဟိုက မိမိအသင်းတွင် ပေါ့ဂ်ဘာကို အသုံးမပြုနိုင်သည်မှာ ၁၁ ပွဲရှိခဲ့ပြီး ရိုဂျိုနှင့် ဖယ်လိုင်နီတို့ကို ယခုအချိန်ထိ အသုံးပြုနိုင်ခြင်း မရှိသေးသော်လည်း ကွန်တီလို ကစားသမားဒဏ်ရာရ ပြဿနာနှင့် ပတ် သက်ပြီး ငိုယိုနေသူ မဟုတ်ဟု ရန်စစကား ဆိုသွားသည်။

မော်ရင်ဟိုက ''ကျွန်တော်လည်း နည်းပြတစ်ဦး အနေနဲ့ ညည်းညူမိတာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒဏ်ရာရ ကစားသမားကိစ္စနဲ့ ပတ်သက်လို့ တစ်ခါမှ မငိုကြွေးဖူးဘူး။ ငိုကြွေးမယ်ဆိုရင် အပတ်တိုင်း အမြဲငိုနေရမယ် ထင်တယ်။ တခြား နည်းပြတစ်ယောက် ဆိုရင် နေ့တိုင်း ငါ့မှာ ပေါ့ဂ်ဘာ မရှိဘူး။ ပေါ့ဂ်ဘာများ ပြန်ကစားနိုင်ခဲ့ရင်။ ပေါ့ဂ်ဘာ မပါဘဲ ချန်ပီယံလိဂ် အုပ်စုပွဲတွေ အားလုံး ကစားခဲ့ရတယ်။ လီဗာပူး၊ ချယ်လ်ဆီး၊ စပါးတို့လို အသင်းကြီးတွေနဲ့ ပွဲမှာ ပေါ့ဂ်ဘာကို မသုံးနိုင်ခဲ့ဘူး''ဟု ဆိုပြီး ငိုကြွေး နေမလားဘဲ။ ခင်ဗျားတို့ ပေါ့ဂ်ဘာ အခြေအနေနဲ့ ပတ်သက်ပြီး မေးတဲ့ကိစ္စတွေကိုတော့ လိုအပ်သလို ဖြေရတာက လွဲလို့ သူ့အကြောင်း ဘာမှ မပြောခဲ့ဘူး''ဟု တိုက်ခိုက်စကားဆိုသည်။

ချယ်လ်ဆီးနည်းပြ ကွန်တီကလည်း မိမိသည် ပရီးမီးယားလိဂ်တွင် သူငယ်ချင်း နည်းပြတစ်ဦးမျှ မရှိကြောင်း၊ သို့သော် နည်းပြ အချင်းချင်း လေးစားမှု ရှိသင့်ကြောင်း မော်ရင်ဟို ပြောစကားများနှင့် ပတ်သက်၍ တုံ့ပြန် သွားသည်။ ကွန်တီက ''ပရီးမီးယားလိဂ်မှာ သူငယ်ချင်း ဆက်ဆံရေးရှိတဲ့ နည်းပြ မရှိဘူး။ ပြိုင်ဘက်တွေ ဖြစ်တာကြောင့် သူငယ်ချင်းလည်း ဖြစ်စရာ အကြောင်း မရှိဘူး။ ဒါပေမဲ့ နည်းပြ အချင်းချင်း တစ်ယောက် အလုပ်ကိုတော့ တစ်ယောက်က လေးစား သင့်တယ်။ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်နိုင်ဖို့ပဲ လိုတာပါ။ မော်ရင်ဟိုအနေနဲ့ ကျွန်တော့် အလုပ်ကို လေးစားသမှု ရှိသင့်တယ်။ ကျွန်တော်လည်း သူ့အလုပ်နဲ့ သူ့တာဝန်ကို လေးစားပေးသလို သူ့ဘက်ကလည်း ဒီလိုပဲ ဖြစ်သင့်တယ်။ရိုးမားကို ရှုံးရတဲ့ပွဲမှာ ကစားသမားတွေကို အပြစ် ပြောပေမယ့် ကိုယ့်ကိုယ်ကိုယ် မှားတာကိုလည်း ဝန်ခံခဲ့တာပဲ'' ဟု ပြောသည်။

Ref:Dailymail

Read 166 times Last modified on Sunday, 05 November 2017 10:28