SJ WorldNews - шаблон joomla Авто

လိုဗရန်၏ မိသားစု အသက် အန္တရာယ် ခြိမ်းခြောက် ခံရပြီး အိမ်ပါ ဖောက်ထွင်းခံရ

Sunday, 05 November 2017 10:28 font size decrease font size decrease font size increase font size increase font size

မာဆေးဆိုက် နိုဝင်ဘာ ၎

လီဗာပူး အသင်းမှ ခရိုအေးရှား လက်ရွေးစင် ခံစစ်မှူး ဒီဂျန်လိုဗရန် အတွက် ယခုတစ်ပတ်သည် ထိတ်လန့်စရာ ရက်သတ္တပတ်ဖြစ်ပြီး လူမှု ကွန်ရက်တွင် မိသားစု အသက် အန္တရာယ် ခြိမ်းခြောက် ခံရသကဲ့သို့ ပြီးခဲ့သည့်

ဗုဒ္ဓဟူးနေ့ညက လီဗာပူး အသင်း၏ မာရီဘောနှင့် ချန်ပီယံလိဂ်ပွဲ ကစားနေချိန် တွင် လူသုံးဦးက အိမ်တံခါး ဖျက်ကာ ဖောက်ထွင်းရန် ကြိုးစားခဲ့ကြောင်း သိရသည်။

လိုဗရန်သည် လီဗာပူးအတွက် နောက်ပိုင်းပွဲစဉ်များ ကစားပေးခဲ့ရာ တွင် ခြေစွမ်းပျက်ပြီး အမှားများ ကျူးလွန်မိခြင်းကြောင့် လူမှုကွန်ရက် စာမျက်နှာတွင် မိသားစု အသက်အန္တရာယ် ခြိမ်းခြောက် ခံရခြင်း ဖြစ်သကဲ့သို့ နေအိမ်ပါ ဖောက်ထွင်းခံရသဖြင့် စိုးရိမ် ထိတ်လန့်နေရသည့် အခြေအနေ ရောက်နေသည်။ လိုဗရန်နေအိမ် ဖောက်ထွင်းခံရသည့် ညမှာပင် အသင်းဖော် ဆာဒီယိုမာနေး၏ နေအိမ်မှာလည်း ဖောက်ထွင်းခံရပြီး မာဆေးဆိုက် ရဲတပ်ဖွဲ့က အဆိုပါ အမှုများ အတွက် စုံစမ်း စစ်ဆေးနေပြီ ဖြစ်သည်။

လီဗာပူးနည်းပြ ဂျာဂန်ကလော့က လီဗာပူး ပရိသတ်များတွင် လူအမျိုးမျိုး စိတ်အထွေထွေ ရှိသဖြင့် ယခုကဲ့သို့ ရန်ပြု ခြိမ်းခြောက်မှုမှာ သာမန်ကိစ္စမျှသာ ဖြစ်ကြောင်း၊ ပူပန်နေစရာလည်း မလိုကြောင်း အားပေးသွားသည်။ လီဗာပူးပရိသတ်များသည် လိုဗရန်ကို အားပေးသည့် အနေဖြင့် တစ်လတာ လီဗာပူးအသင်း အကောင်းဆုံးကစားသမား ဆုရစေရန် ဝိုင်းဝန်း မဲပေးခဲ့ကြသည်။

Ref:Dailymail

Read 291 times Last modified on Sunday, 05 November 2017 10:31