SJ WorldNews - шаблон joomla Авто

ပရိသတ်အား ကန်ခဲ့သော အီဗရာကို မာဆေး အသင်း ပြစ်ဒဏ် ချမှတ်

Sunday, 05 November 2017 10:31 font size decrease font size decrease font size increase font size increase font size

မာဆေး နိုဝင်ဘာ ၎

ပြင်သစ်လီဂူးဝမ်း ကလပ် မာဆေးအသင်းသည် နိုဝင်ဘာ ၂ ရက်က ယူရိုပါလိဂ် ပွဲစဉ် မကစားမီ သွေးပူ လေ့ကျင့်ခန်း လုပ်နေစဉ် ကွင်းအတွင်း ဝင်ရောက်လာသော ပရိသတ်များ ထဲမှ စော်ကား ပြောဆိုရန်စသည့် အသင်း

ပရိသတ်တစ်ဦးကို ကွန်ဖူး ကန်ချက်ဖြင့် ကန်ခဲ့သော အသင်း ဝါရင့်ခံစစ်မှူး အီဗရာကို ပထမ အသင်းကြီးမှ ဖယ်ချန်သည့် ပြစ်ဒဏ် ချမှတ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။ အီဗရာသည် အသင်းပရိသတ်ကို ကိုယ်ထိ လက်ရောက် ပြုလုပ်ခဲ့ခြင်းမှာ အသင်း အနေဖြင့် လက်ခံနိုင်စရာ မရှိ၍ ပြစ်ဒဏ် မချမီ အင်တာ ဗျူးပြီးမှ ပထမ အသင်းကြီးမှ ယာယီ ထုတ်ပယ်ကြောင်း ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အကန်ခံရသော ပရိသတ်သည်လည်း ကွင်းအတွင်းထိ ဝင်ရောက်ကာ ကစားသမား အပေါ် ရန်စခြင်းကြောင့် သေချာ ဖော်ထုတ်ပြီး ဥပဒေအရ အရေးယူရန်လည်း စီစဉ်မည်ဟု ထုတ်ပြန်သည်။ ဥရောပ ဘောလုံး အဖွဲ့ချုပ်သည်လည်း အီဗရာကို ကာလရှည် ပွဲပယ် ပြစ်ဒဏ် ချမှတ်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။

Ref:Dailymail

Read 264 times Last modified on Sunday, 05 November 2017 10:35