SJ WorldNews - шаблон joomla Авто

ပေါ်တူဂီအသင်း နိုင်ငံတကာ ခြေစမ်းပွဲများတွင် စီရော်နယ်ဒိုကို အနားပေးထား

Sunday, 05 November 2017 10:35 font size decrease font size decrease font size increase font size increase font size

လစ္စဘွန်း နိုဝင်ဘာ ၎

ယူရို ၂ဝ၁၆ ချန်ပီယံ ပေါ်တူဂီ အသင်းသည် လာမည့် ရက်ပိုင်းအတွင်း ကစားရမည့် ဆော်ဒီ၊ အမေရိကန် တို့နှင့် နိုင်ငံတကာ ခြေစမ်းပွဲများ အတွက် လက်ရွေးစင် ကစားသမားစာရင်းကို ထုတ်ပြန်ကြေညာရာတွင်

အသင်းခေါင်းဆောင် ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒိုကို အနားပေးပြီး ရွေးချယ်ခဲ့ခြင်း မရှိပေ။ စီရော်နယ်ဒိုသည် ယခုရာသီ တွင် လာလီဂါ ပွဲစဉ်များ၌ တစ်ဂိုးသာ သွင်းထားနိုင်ပြီး ဖိအားများ ရှိနေခြင်းကြောင့် ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က အနားပေးခဲ့ခြင်း ဖြစ်သလို တခြား အတွေ့အကြုံရင့် ကစားသမားများဖြစ်သော ကွာရက်စ်မာနှင့် နာနီတို့ကိုလည်း အနားပေးခဲ့သည်။

ပေါ်တူဂီအသင်းသည် လက်ရွေးစင် ရွေးချယ်ခဲ့ရာတွင် တစ်ခါမျှ လက်ရွေးစင်အဖြစ် ရွေးချယ်ခံရခြင်း မရှိသော ဆိုစီဒက်မှ ကီဗင်ရိုဒရီဂွက်ဇ်၊ လိုင်လီမှ အက်ဂါလီနှင့် ဘရာဂါမှ ရီကာဒို ဖာရဲယားတို့ကို တိုက်စစ်အတွက် ရွေးချယ်ခဲ့ပြီး မိုနာကိုမှ မားကို့စ်လိုပက်စ်ကို အဓိက တိုက်စစ်မှူး အဖြစ် အသုံးပြုရန် စီစဉ်ခဲ့သည်။ သို့သော် ယူရို ၂ဝ၁၆ ဗိုလ်လုပွဲမှ အနိုင်ဂိုးရှင် အီဒါနှင့် အင်္ဂလန် ချန်ပီယံရှစ်ကလပ် ဝုဗ်မှ ရူဘန်နာဗက်စ်တို့ကို လက်ရွေးစင် အသင်း၌ ပြန်လည် ရွေးချယ်ခဲ့သည်။

Ref:Soccerway

Read 304 times Last modified on Sunday, 05 November 2017 10:38