SJ WorldNews - шаблон joomla Авто

မက်ဆီ၏ တတိယရင်သွေး သားလေးဖြစ်

Sunday, 05 November 2017 10:38 font size decrease font size decrease font size increase font size increase font size

ဘာစီလိုနာ နိုဝင်ဘာ ၎

ဘာစီလိုနာအသင်းမှ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီအတွက် ဇနီးသည် အန်တိုနယ်လာ ထပ်မံ မွေးဖွားပေးမည့် တတိယမြောက် ရင်သွေးမှာ သားဖြစ်ကြောင်း အန်တိုနယ်လာ ကိုယ်တိုင်က အင်စတာဂရမ်တွင်

အတည်ပြု ပြောကြားသွားသည်။ အန်တိုနယ်လာသည် ပြီးခဲ့သည့် လက တတိယ ကိုယ်ဝန်ရရှိနေပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး အဆိုပါ ကိုယ်ဝန်သည်လည်း သားလေးသာ ဖြစ်ကြောင်း ထုတ်ဖော်ပြောသည်။

အန်တိုနယ်လာသည် ယခင် ရင်သွေးနှစ်ဦး မွေးဖွားရာတွင် သားနှစ်ဦးသာ ဖြစ်ပြီး အကြီးဆုံးသား သီယာဂို၏ အသက်ငါးနှစ်ပြည့် မွေးနေ့ပွဲကို မကြာမီရက်ပိုင်းက ကျင်းပခဲ့သည်။ အန်တိုနယ်လာက ''ကျွန်မတို့မိသားစု ငါးဦးရှိသွားပြီ။ သီယာဂိုရယ်၊ သားငယ် မာတူရယ်အတွက် နောက်ထပ် ညီလေး ထပ်တိုးလာပြီ''ဟု ပြောသည်။

Ref:AS

Read 322 times Last modified on Sunday, 05 November 2017 10:40