SJ WorldNews - шаблон joomla Авто

အာဆင်နယ်အသင်း နိုဝင်ဘာ ကျိန်စာဆိုး ဆက်လက် ကြုံဖွယ်ရှိ

Sunday, 05 November 2017 10:41 font size decrease font size decrease font size increase font size increase font size

လန်ဒန် နိုဝင်ဘာ ၎

အာဆင်နယ် အသင်းသည် ဝင်းဂါးလက်ထက် ၁၉၉၆ ခုနှစ်နောက်ပိုင်း ယခု ကျရောက်နေသော နိုဝင်ဘာလမှာ ရလဒ် အဆိုးရွားဆုံးလ ဖြစ်သကဲ့သို့ ယခုနှစ်တွင်လည်း ထိုစံချိန်ဆိုး ဆက်လက် ဖြစ်ပေါ်ဖွယ်ရှိသည်။

ထိုကာလ အတွင်း အာဆင်နယ်သည် ပွဲပေါင်း ၈၁ ပွဲကစားရာ ၃၇ ပွဲနိုင်၊ ၁၈ ပွဲ သရေနှင့် ၂၆ ပွဲ ရှုံးခဲ့သည်။ တစ်ပွဲပျမ်းမျှ ရမှတ် ၁ ဒသမ ၆ မှတ်နှုန်းသာ ရရှိခြင်းကြောင့် အာဆင်နယ်ကို နိုဝင်ဘာ ကျိန်စာဆိုး ကပ်ဆိုက်နေသည့် အသင်းအဖြစ် သတ်မှတ်ကြသည်။ အာဆင်နယ်သည် စက်တင်ဘာ နှင့် အောက်တိုဘာလ တို့တွင် နိုင်ပွဲရာခိုင်နှုန်း အများဆုံး တစ်ပွဲ ပျမ်းမျှ ၂ ဒသမ ၁၅ မှတ်နှုန်း ရရှိသည်။

၁၉၉၆ ခုနှစ်နောက်ပိုင်း နိုဝင်ဘာလ အတွင်း ကစားသော ၈၁ ပွဲတွင် အာဆင်နယ်သည် ၁၃၂ ဂိုးသာ သွင်းနိုင်ပြီး ၉၈ ဂိုးပြန်ပေးရခြင်းမှာလည်း အဆိုးဆုံးစံချိန် ဖြစ်ခဲ့သည်။ ယခုလ အတွင်း အာဆင်နယ်သည် မန်စီးတီး၊ စပါး၊ ဘန်လေ၊ ဟတ်ဒါးဖီးလ် တို့နှင့် ပွဲများ ကစားရမည်ဖြစ်၍ နိုဝင်ဘာ ကျိန်စာဆိုး ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း သုံးသပ် နေကြသည်။

Ref:BBC

Read 308 times Last modified on Sunday, 05 November 2017 10:43