SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

ကျောက်မဲ  စက်တင်ဘာ  ၁ဝ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့ ရက်ကန်းနှင့် သက်မွေးပညာသင် ကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပသည်။

တိုင်းရင်းသားရိုးရာ အစားအစာ တစ်ခုဖြစ်သည့် မိုးကုတ်မြေမှ မုန်ညင်းပေါင်း

မြန်မာ့စားစရာများစွာ ရှိသည့်အနက် ဒီတစ်ပတ်မှာ အိမ်ရှင်မများအတွက် ပြုလုပ်ရလွယ်ကူပြီး မိုးကုတ်ဒေသခံများ နှစ်ခြိုက်စွာ နေ့လယ်ခင်းအဆာပြေအဖြစ် ပြုလုပ်စားသုံးသည့် မုန်ညင်းပေါင်း ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါသည်။

တနင်္သာရီ   စက်တင်ဘာ  ၁ဝ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာ ကျောင်းပေါင်းစုံ   အမျိုးသား၊  အမျိုးသမီး ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်  ဆုပေးပွဲ အခမ်းအနားကို ကော့သောင်းခရိုင် အားကစားခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ထီးချိုင့်   စက်တင်ဘာ  ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး   ကသာခရိုင် ထီးချိုင့်မြို့နယ်  ၂ဝ၁၇-၂ဝ၁၈   ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ ငါးရွာသို့ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက   မြို့နယ်စီမံ ခန့်ခွဲမှု ကော်မတီရုံးခန်း၌ ကျင်းပသည်။

မုံရွာ   စက်တင်ဘာ  ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနနှင့် မသန်စွမ်း အရင်းအမြစ် ဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် လုပ်ဆောင်မည့် မသန်စွမ်းဆိုင်ရာ ရပ်ရွာအခြေပြု ဘေးအန္တရာယ် လျှော့ချရေးစီမံကိန်းကို

ရန်ကုန် စက်တင်ဘာ ၁ဝ

မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် ဖော်ဆောင်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ သီလဝါအထူးစီးပွားရေး ဇုန်သည် ယခုအခါတွင် ပြည်တွင်းပြည်ပ

 ရန်ကုန် စက်တင်ဘာ ၁ဝ

 Drive Magazine Myanmar က ကြီးမှူးပြီး Authorized Automobile Distributors Association(AADA)၏ ပံ့ပိုးကူညီမှုဖြင့် ရန်ကုန်မြို့၌ ပထမအကြိမ် 2017 Myanmar Car Of The Year (MCOTY) ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၆ နာရီက  Novotel Yangon Max ဟိုတယ်၌ ကျင်းပကြောင်း သိရသည်။

ရန်ကုန် စက်တင်ဘာ ၁ဝ

ရန်ကုန်မြို့ရှိ  Grand Hantha International Hospitalနှင့် အိန္ဒိယနိုင်ငံမှ Fortis ဆေးရုံကြီးတို့ ပူးပေါင်း၍ အိန္ဒိယနိုင်ငံမှ ဝါရင့်အထူးကု ဆရာဝန်ကြီးများက ယမန်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ Grand Hantha International Hospital၌ အသည်း၊ ကျောက်ကပ်၊ ရိုးတွင်းခြင်ဆီ အစားထိုးမှုနှင့် သွေးရောဂါများ အကြောင်း အခမဲ့ ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ရန်ကုန် စက်တင်ဘာ ၁ဝ

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ  Asia Plaza Hotel  ၌ ဖြူးမြို့နယ်အသင်း (ရန်ကုန်)(ဖြူး၊ဇေယျဝတီ၊ ညောင်ပင်သာ၊ ကညွတ်ကွင်း)၏ (၃၇)ကြိမ်မြောက် နှစ်ပတ်လည်စုံညီ အစည်းအဝေး၊ သက်ကြီးပူဇော်ပွဲနှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပကြောင်း သိရသည်။

ရန်ကုန် စက်တင်ဘာ ၁ဝ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများ စာရင်းတွင် ပါဝင်၍ စလစ် ရရှိထားသူများအား နေအိမ်များအထိ လိုက်လံစစ်ဆေးမည်ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေး သုတေသနအဖွဲ့မှ သိရသည်။

Page 2095 of 2172