SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

လန်ဒန် သြဂုတ် ၂၁

အာဆင်နယ်နည်းပြ ဝင်းဂါးက လက်ရှိအသင်းတွင် စီနီယာ ကစားသမား ၃၃ ဦး ရှိနေခြင်းကြောင့် နောက်ထပ် ကစားသမားသစ် ဝယ်နိုင်ရန် အသင်းမှ ကစားသမား အင်အားကို အရင်ဆုံး လျှော့ချရမည်ဟု ထုတ်ဖော်ပြောသည်။

ယော့ရှိုင်းယား သြဂုတ် ၂၁

ဟတ်ဒါးဖီးလ် အသင်းသည် ယမန်နေ့ညက ပရီးမီးယားလိဂ် ပွဲစဉ် (၂) တွင် နယူးကာဆယ်ကို တစ်ဂိုးတည်းဖြင့် အနိုင်ရပြီးနောက် ရာသီအဖွင့် နှစ်ပွဲစလုံး အနိုင်ရရှိကာ တန်းတက်ပြီးနောက် ရာသီအဖွင့် နှစ်ပွဲစလုံး အနိုင်ရသည့် တတိယမြောက် အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ ဟတ်ဒါးဖီးလ် အသင်းသည် ပလေးအော့ဖ် ကစားရာမှ အနိုင်ရ ဗိုလ်စွဲခြင်းကြောင့် ပရီးမီးယား လိဂ်သို့ ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် တန်းတက်လာခြင်းဖြစ်ကာ ရာသီအဖွင့် ပွဲတွင်လည်း ခရစ္စတယ်ပဲလေ့စ် အသင်းကို သုံးဂိုးပြတ် အနိုင်ရရှိ ခဲ့သဖြင့် မယုံကြည် နိုင်လောက်အောင် ဖြစ်ရကြောင်း နည်းပြ ဒေးဗစ်ဝက်ဂ်နာက ထုတ်ဖော်ပြောကြားသည်။

ရန်ကုန် သြဂုတ် ၂၁

(၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ကစားသမားများ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ယနေ့နံနက်ပိုင်းက မလေးရှား နိုင်ငံ၌ မတော်တဆမှု ဖြစ်ပွားခဲ့သည်။

ရန်ကုန် သြဂုတ် ၂၁

၂ဝ၁၉ ခုနှစ်တွင် ကျင်းပမည့် အကြိမ် (၃ဝ) မြောက် ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် မဟုတ်ကြောင်း ကြေညာခဲ့သည့် ဖိလစ်ပိုင် နိုင်ငံသည် အိမ်ရှင်အဖြစ် ပြန်လည်လက်ခံ ကျင်းပမည်ဖြစ်ကြောင်း သြဂုတ် ၁၉ ရက်က အတည်ပြု ကြေညာခဲ့သည်။

Page 1105 of 1130