SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရန်ကုန် သြဂုတ် ၃ဝ

အာရှဖလား ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အသင်း၌ ဆီးဂိမ်းမှ ကစားသမား တချို့ကို အားဖြည့်ပြီး စက်တင်ဘာ ၅ ရက်တွင် ကာဂျစ္စတန် အသင်းနှင့် အဝေးကွင်း ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၃ဝ

အရှေ့တောင်အာရှ ဆီးဂိမ်းအားကစား ပြိုင်ပွဲ၏ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် သွင်းဂိုးအများဆုံး ကစားသမား သုံးဦးအထိ ရှိခဲ့ပြီး ပူးတွဲဦးဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကစားသမား သုံးဦးမှာ မြန်မာနိုင်ငံမှ အောင်သူ၊ မလေးရှား နိုင်ငံမှ သာနာဘလန်၊   ဗီယက်နမ်နိုင်ငံမှ ငုယင်ကောင်ဖောင်တို့ ဖြစ်ကြသည်။ ၎င်းတို့သုံးဦးသည် သွင်းဂိုး  လေးဂိုးစီဖြင့် ဂိုးသွင်း အများဆုံး စာရင်းကို ဦးဆောင်နိုင်ခဲ့သည်။

ရန်ကုန် သြဂုတ် ၃ဝ

မလေးရှား နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပွဲစဉ်များ ပြီးဆုံးပြီဖြစ်၍ မြန်မာအမျိုးသား ဘောလုံးအသင်း အပါအဝင် ပိုက်ကျော်ခြင်းအသင်း၊ ဟော်ကီအသင်းနှင့် တိုက်ကွမ်ဒို အသင်းများ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့  ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။

လန်ဒန် သြဂုတ် ၂၉

ချယ်လ်ဆီးအသင်းတွင် နည်းပြကွန်တီနှင့် ဆက်ဆံရေး ပြိုလဲသွားသော စပိန်တိုက်စစ်မှူး ကော်စတာသည် အသင်းဟောင်း အက်သလက်တီကိုသို့ ပြန်လည်ပြောင်းရွှေ့ရန် နှစ်သင်းကြား ညှိနှိုင်းနေရာ ပေါင်သန်း ၅ဝ ဖြင့် ဈေးတည့်တော့မည် ဖြစ်ကြောင်း သိရသည်။ ကော်စတာကို ကွန်တီက အသင်းတွင် ဆက်သုံးတော့မည် မဟုတ်ဟု ပြောသည်။

နယူးယောက် သြဂုတ် ၂၉

ရုရှား တင်းနစ်မယ် ရှာရာပိုဗာသည် နယူးယောက်၌ ကျင်းပနေသော ယူအက်စ်အိုးပင်း ဂရင်းစလင်း ပွဲစဉ်တွင် ယှဉ်ပြိုင်နေရာ ယနေ့က ကစားခဲ့သည့် ဆီမိုနာဟာလပ်နှင့် ပွဲစဉ်၌ လက်စွမ်းပြကာ ၆-၄၊ ၄-၆၊ ၆-၃ ဖြင့် နိုင်ပွဲရရှိပြီး ဒုတိယ အဆင့်သို့ တက်ရောက်သွားသည်။

Page 1139 of 1180