SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရန်ကုန် သြဂုတ် ၂၇

မလေးရှား နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိသော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ ဘိလိယက်နှင့် စနူကာ အဖွဲ့သည် နောက်ဆုံး ပြိုင်ပွဲအဖြစ် ယနေ့တွင် စနူကာ တစ်ဦးချင်း ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင် ကစားရာ လာအိုကို ဆီမီး ဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၂၇

ဆီးဂိမ်းပြိုင်ပွဲ အမျိုးသား နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံး ပွဲစဉ်တွင် ကမ္ဘောဒီးယား အသင်းကို နှစ်ပွဲပြတ် အနိုင်ယူပြီး မြန်မာအသင်းက ရွှေတံဆိပ်ဆုကို ရှုံးပွဲမရှိစံချိန်ဖြင့် ထိုက်ထိုက်တန်တန် ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၂၇

မလေးရှား နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် (၂၉)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာသေနတ်ပစ် အားကစားအဖွဲ့ အနေဖြင့် ရွှေတံဆိပ်ဆု တစ်ခုနှင့် ကြေးတံဆိပ်ဆု သုံးခုရရှိကာ နိုင်ငံ့ဂုဏ် ဆောင်နိုင်ခဲ့ပြီး ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိ လာကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၂၇

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအမျိုးသား ဘော်လီဘော အသင်းသည် တတိယနေရာလု ပွဲစဉ်အဖြစ် ဗီယက်နမ် အသင်းနှင့် ယနေ့ မွန်းလွဲပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရှုံးနိမ့်ပြီး   ဆုတံဆိပ်နှင့် လွဲချော်ခဲ့ရကြောင်း သိရသည်။

Page 1140 of 1175