SJ WorldNews - шаблон joomla Авто

လန်ဒန်     သြဂုတ်     

လန်ဒန်၌ ယမန်နေ့က ယှဉ်ပြိုင်သော ကမ္ဘာ့ချန်ပီယံရှစ် မီတာ ၄ဝဝ အပြေးပြိုင်ပွဲ၌ လက်ရှိ အိုလံပစ်ချန်ပီယံနှင့် ကမ္ဘာ့စံချိန်ရှင် တောင်အာဖရိကသား ဝေဒီဗန်ဒီကက်ခ်က စံချိန် ၄၃ ဒသမ ၉၈ စက္ကန့်ဖြင့်  ထိပ်ဆုံးမှ ပန်းဝင်ကာ ရွှေတံဆိပ်ဆုကို ကာကွယ်သွားနိုင်ခဲ့သည်။

လန်ဒန်သြဂုတ် ၉

ဗြိတိန် နာမည်ကြီး လက်ဝှေ့ကျော် ခရစ်အူဘန့်ဂျူနီ ယာသည် အောက်တိုဘာ ၇ ရက်တွင် ကမ္ဘာ့လက်ဝှေ့ စူပါစီး ရီးပွဲစဉ်  ကွာတားဖိုင်နယ်ပွဲအဖြစ်  ပြိုင်ဘက်  အက်ဗနီယီလ်ဒီ ရင်နှင့်  ယှဉ်ပြိုင်မည်ဟု အတည်ပြု ထုတ်ပြန်သည်။

လီဗာပူး  သြဂုတ် 

 ဘာစီလိုနာအသင်းမှ   ဒါရိုက်တာများအဖွဲ့သည်  ယမန်နေ့က အင်္ဂလန်သို့ ရောက်ရှိလာပြီး လီဗာပူးအသင်းမှ   ဘရာဇီးကစားသမား  ကော်တင်ဟိုကို ခေါ်ယူရန်   ထပ်မံကြိုးစားနေကြကြောင်း  ဒေးလီးမေးလ် သတင်းစာက  ဖော်ပြထားသည်။

 

လန်ဒန်     သြဂုတ်     

ပရီးမီးယားလိဂ်အသင်းများ၏ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် အသုံးစရိတ်သည် ဈေးကွက်ပိတ်သိမ်းရန် ၂၂ ရက်သာလိုနေချိန်တွင် ပေါင် တစ်ဘီလီယံ ကျော်သွားပြီဖြစ်ကြောင်း သိရသည်။

မြိတ်  သြဂုတ် 

အားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် Township Sports Development Programအရ ကျင်းပသော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြိတ်ခရိုင်အားကစားခန်းမ၌   ကျင်းပကြောင်း သိရသည်။

 

ရန်ကုန်    သြဂုတ်  

မြန်မာဘိလိယက်နှင့်စနူကာအဖွဲ့သည်  (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ် လေ့ကျင့်ပြင် ဆင်မှုများ ပြုလုပ် လျက်ရှိပြီး ကစားသမား ၁၂ ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

Page 1142 of 1148