SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရန်ကုန် သြဂုတ် ၂၈

မလေးရှား နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသော မြန်မာအားကစား အဖွဲ့များသည် ပြိုင်ပွဲများ ပြီးဆုံး၍ ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်။

ရန်ကုန် သြဂုတ် ၂၈

မလေးရှား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် (၂၉)ကြိမ်မြောက်  အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၏ လက်ကျန်နှစ်ရက်တွင် ရွှေတံဆိပ်ဆု ၆၆ ခု ချီးမြှင့်ရန် ကျန်ရှိနေပြီး  ဆီးဂိမ်းပြိုင်ပွဲမှာ သြဂုတ် ၃ဝ ရက်တွင် ပြီးဆုံးမည်ဖြစ်၍ သြဂုတ် ၂၉ ရက်တွင် ရွှေတံဆိပ်ဆု ၅၉ ခုနှင့် သြဂုတ် ၃ဝ ရက်တွင် ရွှေတံဆိပ်ဆု ခုနစ်ခု ဆက်လက် ချီးမြှင့်မည်ဖြစ်သည်။

လန်ဒန် သြဂုတ် ၂၇

အာဆင်နယ် အသင်းသည် အသင်း၌ စီနီယာ ကစားသမား အယောက် ၃ဝ ကျော် ရှိနေခြင်းကြောင့် အဆိုပါ ကစားသမားများ ထဲမှ မလိုအပ်သူများကို အသင်းမှ ထွက်ခွာစေရန် စီစဉ်ရမည်ဟု နည်းပြဝင်းဂါး ကိုယ်တိုင်ဖွင့်ပြောခဲ့ပြီး ပြီးခဲ့သည့် တစ်နှစ်က ပေါင် ၃၅ သန်းဖြင့်  ခေါ်ယူခဲ့သူ  ဂျာမန် လက်ရွေးစင် မူစတာဖီ ကိုလည်း အသင်းမှ ထွက်ခွင့်ပြုကာ ၎င်းအတွက် ပေးခဲ့ရသော ပြောင်းရွှေ့ကြေးနီးပါး ပြန်လည်ရရှိရန် အလိုရှိနေကြောင်း သိရသည်။

မန်ချက်စတာ သြဂုတ် ၂၇

မန်ယူ အသင်းသည် ပြီးခဲ့သည့် ဧပြီလက ဒူးဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့၍ ခွဲစိတ်ကုသမှု ခံယူခဲ့ရသော ဝါရင့်တိုက်စစ်မှူး မိုဗစ်ခ်ျကို ယခုနှစ်ကုန်ပိုင်း မှသာ ပြန်ကစားနိုင်မည် ဖြစ်သော်လည်း တစ်နှစ်စာချုပ်သစ် ချုပ်ဆိုကာ ပြန်ခေါ်ခဲ့ပြီးနောက် နည်းပြမော်ရင်ဟိုက    မိုဗစ်ခ်ျ အနေဖြင့် ပြီးခဲ့သည့် ရာသီက မန်ယူအတွက် ဂိုးအများဆုံး (၂၈ ဂိုး) သွင်းပေးနိုင်ခဲ့ သော်လည်း လက်ရှိ ဦးစားပေး တိုက်စစ်မှူး နှစ်ဦးဖြစ်သော လူကာကူနှင့် ရက်ရှ်ဖို့ဒ်တို့ကို ကျော်ပြီး ဦးစားပေးပွဲထွက် တိုက်စစ်မှူးနေရာ ချက်ချင်း ပြန်ပေးနိုင်မည် မဟုတ်ဟု ထုတ်ဖော်ပြောသည်။

Page 1143 of 1180