SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဘာစီလိုနာ သြဂုတ် ၂၇

ဘာစီလိုနာ အသင်းသည် ဒဏ်ရာရနေသော အသင်းအဓိက တိုက်စစ်မှူး ဆွာရက်ဇ်ကို နိုင်ငံလက်ရွေးစင် အသင်းဖြစ်သော ဥရုဂွေး အသင်းသို့ သွားရောက်ပူးပေါင်းရန် ခွင့်ပြုခဲ့သည်။ ဆွာရက်ဇ်သည် သြဂုတ် ၁၆ ရက်က ရီးယဲလ်ကို နှစ်ဂိုးပြတ် ရှုံးခဲ့သည့် စပိန်စူပါဖလားပွဲ ဒုတိယ အကျော့ပွဲတွင် ညာဘက်ဒူး ဒဏ်ရာ ရရှိသွားပြီးနောက် တစ်လကြာ အနားယူရမည်ဟု ဘာစီလိုနာ အသင်းမှ ကြေညာခဲ့သည်။

မန်ချက်စတာ သြဂုတ် ၂၇

နည်းပြမော်ရင်ဟိုက ယမန်နေ့ညက မန်ယူနှင့် လက်စတာပွဲတွင် လက်စတာကို ပွဲချိန်မိနစ် ၇ဝ အထိ ဂိုးမသွင်းနိုင်ခဲ့ဘဲ နောက်ပိုင်းမှ ရက်ရှ်ဖို့ဒ်နှင့် ဖယ်လိုင်နီတို့ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ် အနိုင် ရရှိခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ် သွင်းယူသောဂိုးကို မမြင်မိခဲ့ကြောင်း ဝန်ခံသည်။

လက်စ်ဗီးဂတ် သြဂုတ် ၂၇

လက်စ်ဗီးဂတ်မြို့ရှိ တီမိုဘိုင်း အရီနာ ကွင်းကြီး၌ ယနေ့နံနက်တွင် ယှဉ်ပြိုင်သည့် လက်ဝှေ့ပွဲစဉ်၌ အမေရိကန် လက်ဝှေ့ကျော် မေဝဲလ်သာသည် အိုင်ယာလန် နိုင်ငံသား ယူအက်ဖ်စီ ချန်ပီယံ မက်ဂရီဂေါ်ကို ၁ဝ ချီအရောက်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရသွားသည်။ အဆိုပါ ပွဲစဉ်၌ အစပိုင်း အချီများတွင်သာ မက်ဂရီဂေါ်သည် မေဝဲလ်သာကို တိုက်စစ်ဖွင့်ထိုး နိုင်ခဲ့ပြီး နောက်ပိုင်း အချီများတွင် မေဝဲလ်သာကသာ အသာစီးဖြင့် ယှဉ်ပြိုင်ပြီး ၁ဝ ချီ အရောက်တွင် မေဝဲလ်သာ၏ လက်သီးချက် များစွာကြောင့် မက်ဂရီဂေါ်မှာ ယိုင်ထိုးကာ မတည်နိုင်တော့သည့် အခြေအနေ ရောက်ခဲ့ခြင်းကြောင့် ဒိုင်လူကြီးက ပွဲကိုရပ်ကာ ဒိုင်ပွဲရပ် ဖြင့် မေဝဲလ်သာကို အနိုင်ပေးခဲ့သည်။

ဟမ်းဘတ် သြဂုတ် ၂၇

ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၂) ၌ ဟမ်းဘတ်အသင်းက ကိုလုံးကို ၃ ဂိုး - ၁ ဂိုးဖြင့် အဝေးကွင်း၌ အနိုင်ရခဲ့ရာ ဟမ်းဘတ်အတွက် ပွဲသိမ်းဂိုးကို ဟော့ဘီက ထူးထူးခြားခြား ပွဲချိန် မိနစ် ၁ဝဝ တွင် သွင်းယူခဲ့သည်။ ထိုသို့ပွဲချိန် မိနစ် ၁ဝဝ သွင်းဂိုးမှာ ဘောလုံး အချက်အလက်များ ပြုစုသည့် Opta စစ်တမ်းများ စကောက်သော ၂ဝဝ၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်ခဲ့ကြောင်း သိရသည်။

Page 1144 of 1180