SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရန်ကုန် သြဂုတ် ၂၄

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ သေနတ်ပစ် အားကစား ပြိုင်ပွဲတွင် မြန်မာသေနတ်ပစ် အားကစား အဖွဲ့သည် ရွှေတံဆိပ်နှင့် ကြေးတံဆိပ် တစ်ခုစီ ထပ်မံရရှိကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၂၄

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၏ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) နောက်ဆုံး ပွဲစဉ်များကို သြဂုတ် ၂၄ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ထိုင်းနှင့် အင်ဒိုနီးရှား အသင်းတို့ နိုင်ပွဲ ရရှိသောကြောင့် ဆီမီးဖိုင်နယ်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်း၊ အင်ဒိုနီးရှားနှင့် အိမ်ရှင်မလေးရှား အသင်းတို့ တွေ့ဆုံယှဉ်ပြိုင် ရမည်ဖြစ်ကာ ဆီမီးဖိုင်နယ် ပွဲစဉ်များကို သြဂုတ် ၂၆ ရက်တွင် ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာ သြဂုတ် ၂၄

ယမန်နေ့ နံနက်ပိုင်းက ဘာစီလိုနာ အသင်းသည် ပီအက်စ်ဂျီမှ အာဂျင်တီးနား တောင်ပံ တိုက်စစ် ကစားသမား ဒီမာရီယာကို ခေါ်ယူနိုင်ခဲ့ပြီဟု အသင်းတရားဝင် တွစ်တာလူမှု ကွန်ရက် စာမျက်နှာ၌ ရေးသားဖော်ပြ ခဲ့ခြင်းမှာ တွစ်တာအကောင့် ဟက်ခံရ၍ ဖြစ်ကြောင်း ဘာစီလိုနာ အသင်းက ဖြေရှင်းချက် ထုတ်ပြန်ခဲ့သည်။

မီလန် သြဂုတ် ၂၄

တရုတ်စီးပွားရေး လုပ်ငန်းစုကြီးမှ ဝယ်ယူပိုင်ဆိုင် ခဲ့ပြီးနောက် အသင်းကို မြေလှန်ပြင်ဆင် နေသော အီတလီ စီးရီးအေကလပ် အေစီမီလန် အသင်းသည် ဖီအိုရင်တီးနား အသင်းမှ အသက် ၂၉ နှစ်အရွယ် ခရိုအေးရှား တိုက်စစ်မှူး ကာလီနစ်ကို ပြီးခဲ့သည့် ရက်ပိုင်းက အငှားခေါ်ယူ ခဲ့သော်လည်း သေချာပေါက် အပြီးသတ် စာချုပ်ခေါ်ယူမှု အဖြစ် လေးနှစ် စာချုပ်ခေါ်ယူ လိုက်ကြောင်း အတည်ပြု ကြေညာသည်။

လန်ဒန် သြဂုတ် ၂၄

သြဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် လက်စ်ဗီးဂတ်၌ ယှဉ်ပြိုင်မည့် ယခင် ဝိတ်တန်းငါးတန်း ကမ္ဘာ့ ချန်ပီယံဟောင်း ရှုံးပွဲမရှိ အမေရိကန် လက်ဝှေ့ကျော် ဖလွိုက် မေဝဲလ်သာနှင့် အိုင်ယာလန် နိုင်ငံသား ယူအက်ဖ်စီ ကမ္ဘာ့ချန်ပီယံ မက်ဂရီဂေါ်တို့ ပွဲအတွက် ဗြိတိန်နိုင်ငံ အားကစား ပြိုင်ပွဲများ သမိုင်း၌ လောင်းကြေး အများဆုံးအဖြစ် ပေါင်သန်း ၃ဝဝ ကျော်လောင်းကြေး ထပ်မည့် စံချိန်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

Page 1145 of 1175