SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မစ်လန်း သြဂုတ် ၂၄

ဆောက်သမ်တန် အသင်းသည် လာဇီယို အသင်းမှ နယ်သာလန် ဗဟိုခံစစ်မှူး ဝက်စလေဟိုးဒ်ကို ပေါင် ၁၅ သန်းဖြင့် ငါးနှစ်စာချုပ် ခေါ်ယူခဲ့သည်။ အသက် ၂၃ နှစ်သာ ရှိသေးသော ဝက်စလေဟိုးဒ်သည် ဆောက်သမ်တန်တွင် ကျောနံပါတ် (၆) ဝတ်ဆင် ကစားမည် ဖြစ်ကာ အသင်းမှ ထွက်ခွာမည်ဟု ထင်ကြေး ပေးနေကြသော ဗဟိုခံစစ်မှူး ဗန်ဒစ်နှင့်အတူ တွဲကစားမည်ဟု ဆောက်သမ်တန် ဒုတိယ ဥက္ကဋ္ဌ လက်စ်ရိဒ်က ထုတ်ဖော်ပြောသည်။

ရန်ကုန် သြဂုတ် ၂၄

(၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ပြိုင်ပွဲပြီးဆုံး သွားသော ဘိလိယက် အားကစားသမား နှစ်ဦး၊ စနူကာ အားကစား သမားတစ်ဦး၊ ပြေးခုန်ပစ် အားကစား သမားတစ်ဦးနှင့်  ဓားခုတ် အားကစားသမား လေးဦးတို့သည် ယနေ့ နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်။

ရန်ကုန် သြဂုတ် ၂၄

မကွေးအသင်းနှင့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းတို့သည် ယနေ့ ညနေပိုင်းတွင် သုဝဏ္ဏ အားကစားကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ မကွေးအသင်းက ၂ ဂိုး - ၁ ဂိုးဖြင့် အနိုင် ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၂၄

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၏ အမျိုးသား ဟော်ကီပြိုင်ပွဲတွင် မြန်မာအမျိုးသား ဟော်ကီအသင်းသည် နိုင်ပွဲတစ်ပွဲသာ ရရှိထားသောကြာင့် ဗိုလ်လုပွဲ တက်ရောက်ရေး အဆုံးအဖြတ်အဖြစ် အင်ဒိုနီးရှား ဟော်ကီအသင်းနှင့် သြဂုတ် ၂၅ ရက် (ယနေ့)တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

Page 1146 of 1175