SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ရန်ကုန်   သြဂုတ်   ၂၅

LETHWEI in Japan 5- NEXURISE မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးကို စက်တင်ဘာ ၂၈ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ခိုလကုအန်ခန်းမ၌ ဂျပန်စံတော်ချိန် ည ၆ နာရီခွဲတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်     သြဂုတ်    ၂၅

မလေးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပသည့် (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲ မြန်မာနှင့် ထိုင်းအသင်း ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်း ပရိသတ်များအတွက် လက်မှတ်ခွဲတမ်း ၆ဝဝဝ ရရှိခဲ့ပြီး သြဂုတ် ၂၆ ရက် နံနက် ၈ နာရီတွင် စတင်ရောင်းချ ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သတင်း ထုတ်ပြန်ထားသည်။

ရန်ကုန်  သြဂုတ်  ၂၅

မလေးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန် မာအမျိုးသမီး အသင်းမှ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက သွင်းဂိုးခြောက်ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရရှိခဲ့သည်။

ရန်ကုန်   သြဂုတ်   ၂၅

မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနှင့် ထိုင်းလက်ရွေးစင် ယူ-၂၂ အသင်းတို့သည် ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဆီမီးဖိုင် နယ်ပွဲစဉ်ကို သြဂုတ် ၂၆ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ဆီလာယန်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ မြန်မာအသင်း အနေဖြင့် အကောင်းဆုံးပုံစံ ရရှိထားပြီဖြစ်ကြောင်း မြန် မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဂတ်ဇီဆီက ပြောသည်။

ရန်ကုန်   သြဂုတ်   ၂၅

မလေးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ပြိုင်ပွဲပြီးဆုံး သွားသော ကရာတေးကစားသမား ၂၃ ဦး၊ တင်းနစ်ကစားသမားငါးဦး၊ ပီတန်းကစားသမားလေးဦး၊ ပြေးခုန်ပစ်ကစားသမား နှစ် ဦး၊  မြန်မာအမျိုးသမီး ဘောလုံး အသင်းကစားသမား ၂၆ ဦး၊  ဂေါက် သီးရိုက် ကစားသမားတစ်ဦးနှင့် စက်ဘီးစီး က စားသမား ခြောက်ဦးတို့သည် ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။

Page 1148 of 1180