SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

၂ဝ၁၇-၂ဝ၁၈ စပိန်လာလီဂါ ရာသီသစ် အဖွင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

၂ဝ၁၇-၂ဝ၁၈ ဘောလုံးရာသီ စပိန်လာလီဂါ အဖွင့်ပွဲစဉ်ကို သောကြာနေ့ ညမှာပဲ   ပွဲစဉ်နှစ်ပွဲနဲ့ စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာ သောကြာနေ့ ပွဲတွေကို မနှစ်ကထက် ပိုများပြီး ကစားခဲ့တဲ့အတွက် စနေနဲ့ တနင်္ဂနွေနေ့တွေ မှာသာမက သောကြာနေ့ ညမှာပါ  အိပ်ရေးပျက်ရတဲ့ ညတွေ ထပ်တိုးလာပါပြီ။

ကျွန်တော်တို့ အားကစား ဂျာနယ်လစ်တွေက ဘောလုံးပွဲကြို သုံးသပ်ချက်တွေရေးရင် နှစ်သင်းထိပ်တိုက် တွေ့ဆုံမှု၊ နောက်ဆုံးသုံးပွဲ ရလဒ်စတာတွေကို Soccerway.com ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ကြည့်ကြတာ များပါတယ်။ ဒီဝက်ဘ်ဆိုက်က တကယ်လည်း ပွဲရလဒ်တွေ စုံလင်တာ၊ တစ်ကမ္ဘာလုံးက လိဂ်ပွဲတွေ ရလဒ်ပါရှိတာကြောင့် အသုံးတည့်လွန်းတဲ့ ဝက်ဘ်ဆိုက်လည်း ဖြစ်ပါတယ်။ အသင်းရလဒ်တွေကို ဖော်ပြရာမှာတော့ နိုင်တဲ့အသင်းပွဲ တွေကို အစိမ်းရောင်နဲ့ပြပြီး သရေဆိုရင် သနပ်ခါး ရောင်မျိုးနဲ့ ပြသတယ်။ ရှုံးပွဲတွေကိုတော့  အုတ်နီခဲ ရောင်မျိုးနဲ့ ပြသထားပါတယ်။

Page 1203 of 1223